ယနေ့နံနက်ကရန်ကုန်သာကေတတွင် ၃ကြိမ်ထက်မနည်း ပေါက်ကွဲမှုများ ဖြစ်ပေါ်ကာ သေနတ်ဖြင့်ပစ်ခံရ၍ တစ်ဦးသေဆုံး

0
197

ရန်ကုန်၊ မေ ၂၇

ယနေ့နံနက် ၈နာရီ ဝန်းကျင်ခန့်က ရန်ကုန်သာကေတ မြို့နယ်အတွင်းတွင် ဆက်တိုက်နီးပါး ပေါက်ကွဲမှု ၃ကြိမ်ထက်မနည်း ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များက လမ်းကိုယာယီ ပိတ်ဆို့စစ်ဆေးခဲ့ကြပြီး အခင်းဖြစ်ရာအနီးတဝိုက် အတားအဆီးများချလိုက်ကြောင်း မျက်မြင် တစ်ဦးက ပြောသည်။

ထို့အပြင် လူတစ်ဦးလည်း သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ပြီး၊ ထိုသူမှာ သာကေတ မာန်ပြေရပ်ကွက် အုပ်ချုပ်ရေး အဖွဲဝင်ဟောင်း တစ်ဦးဖြစ်သည်ဟု သိရှိရသည်။

“သေနတ်မှန်သေတာလို သိရပါတယ်”ဟု ဒေသခံတစ်ဦးကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here