တရုတ်-မြန်မာနယ်စပ် လမ်းကြောင်းတလျှောက် ကုန်ကားထောင်ချီ လမ်းပိတ်မိနေ၊သစ်သီးဈေးကွက် အရှုံးပေါ်

0
210
နေပြည်တော် မေ ၂၈
ပြည်တွင်း ကုန်သွယ်မှု ကဏ္ဌတွင်အဓိက နေရာမှာရှိနေ‌သော တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းတလျှောက် နယ်စပ်ဂိတ်များ ပိတ်ထား သဖြင့် ကုန်ကားအစီးရေ တစ်ထောင်ကျော် ခန့် ပိတ်မိနေပြီး ပုပ်သိုးလွယ်သည့် သစ်သီးကားများ အရှုံးပေါ်လျှက်ရှိနေသည်။
“ကျင်စန်းကျော့မှာ သရက်သီးကား အစီးရေ ငါးရာနီးပါး ကြာနေတာ သုံးရက်ကျော်ပြီ။ ဈေးနှုန်းက အရင်းမပြောနဲ့ တဝက်တောင် မသေချာတော့ဘူး။ အသီးတွေရဲ့လတ်ဆက်မှု က အရမ်း စကားပြောသွားပြီ”ဟု မူဆယ်သရက်သီး ကုန်သည် တစ်ဦးက ဆိုသည်။
ယခင်နှစ်က စိန်တစ်လုံး သရက် တစ်ခြင်းကို ယွမ်(၁၂၀)ခန့်ဈေး ရခဲ့သော်လည်းယခုနှစ်တွင် ယွမ်(၆၀)ဝန်းကျင်သာ အများဆုံး ဈေး ဖြစ်ပေါ်လျှက် ရှိနေသည်ဟုသိရသည်။
မူဆယ် သရက်သီးဈေးကွက် အခြေအနေ ကြောင့်ကုန်သည် များအပြင် သရက်သီး စိုက်ပျိုးသူတောင်သူများ ပါ အထိနာနေခြင်းဖြစ်ပြီး ဥရောပ ကို တင်ပိုရန် အားနည်းချက်များကြောင့် ယခုလို နယ်စပ် တင်ပိုမှု ထိခိုက်ပါက တစ်နိုင်ငံလုံး ထိခိုက် သွားရခြင်းဖြစ်ကြောင်း ကုန်သည် များက မှတ်ချက်ပြုကြသည်။
ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ရေး စီမံချက်ဖြင့် တရုတ်နိုင်ငံမှ နယ်စပ်ဂိတ် အချိုကို ပိတ်ထားသောကြောင့် ဖွင့်ပေးထားသည့် ကျင်စန်းကျော့ဂိတ် တွင် ကုန်စည်ကားများ ထောင်ချီပိတ်မိနေကြခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here