လူမျိုးဘာသာ မခွဲခြားဘဲ တကယ် အခက်အခဲဖြစ်နေတဲ့ သူတွေကို လှူတန်းပေးနေတဲ့ မေနွယ်ထွန်း

0
209

မော်ဒယ် သရုပ်ဆောင်မေနွယ်ထွန်း ကတော့ လတ်တလောမှာ ဈေးရောင်းဖို့ အရင်းအနှီးမရှိတဲ့လူတွေ ၊ငွေရေးကြေးရေး အခက် အခဲဖြစ်နေတဲ့သူတွေ ဆီသို့ သူမ ရဲ့ချွေးနှဲစာလေးနဲ့ လှူဒါန်းလျက် ရှိပါတယ်။ အလှူငွေများ လှူဒါန်းတဲ့အခါမှာ လူမျိုး၊ ဘာသာမခွဲခြားဘဲ တကယ် အခက်အခဲဖြစ်နေတဲ့ သူတွေကို လှူတန်းပေးတာ ဖြစ်တယ်လို့ သူမရဲ့ဖေ့ဘုတ်စ်မှာ အခုလိုပဲရေးသားဖော်ပြထားပါတယ်။

“ ဆွိ တခုပြောပါရစေ
ဆွိ စာပြန်ရတာ အရမ်းများတော့ စာပြန်တာ နောက်ကျရင် နားလည်ပေးကြပါနော်။

ဆွိက မြန်မာစစ်စစ်
ဗုဒ္ဓဘာသာ ကိုးကွယ်ပေမဲ့
ဘာသာရေးလဲ မခွဲခြားတတ်ဘူးရှင်။
ဘာသာတိုင်း ကူညီတယ်နော်ဆွိ။

ဒီအမက သူက islam မို သူ့ကို ကူညီပါ့မလား သူထင်နေရှာတာ။ မဆိုင်ပါဘူးနော်။
ဘယ်ဘာသာဖြစ်ဖြစ် ဆွိ မခွဲခြားလို အားငယ်ပြီး
မပြောရဲတာ မလုပ်ပါနဲ့ရှင့်။

ဘုရား အားလုံးဟာ လူတွေ အပေါ် ကြင်နာတာခြင်း
တူတူပါပဲ။ ဆွိကို လာပြောလိုရပါတယ်နော်။
ဘာသာမတူ လူမျိုးခြားလဲ🙏🙏🙏🙏🙏🙏

ဒီညီမ သူ့ယောကျာ်းက အိမ်တွေမှာ မီးလိုက်စဉ်တာ
သူက အိမ်တွေမှာ မီးပူလိုက်တိုက်ပါတယ်။
ကလေး နှစ်ယောက်နဲ့ အခု လင်မယား နှစ်ယောက်လုံး
အလုပ်မရှိတော့ ဒုက္ခရောက်နေလို
ဆွိ အရင်းလေး ထုတ်ပေးလိုက်ပါတယ်နော်
အမနဲ့ ကလေးတွေကို အလာ ပစ်မထားပါဘူး

ပါဝင်လှူတန်းသူများ ထပ်တူကုသိုလ်ရကြပါစေရှင့်
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏” လိုရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here