ဇာတ်ပို့ဇာတ်ရံများကို ထောက်ပံ့ကြေးပေးအပ် လှူဒါန်းခဲ့တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး

0
227

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေနဲ့ ရုပ်ရှင်လောကမှ ဇာတ်ပို့ ဇာတ်ရံများကို သာရေး နာရေးထောက်ပံ့ငွေများ ပေးအပ်ကာ လှူဒါန်းမှု တစ်ခုပြုလုပ်ခဲ့ပါတယ်။

ယခုအလှူမှာ Covid ကာလအတွင်း လူစုလူဝေး မဖြစ်စေရန် ရည်ရွယ်ပြီး ထောက်ပံ့ကြေး လာရောက်ထုတ်ယူချိန်ကို မေလ ၃၁ရက်မှ ဇွန်လ ၄ရက်နေ့ အထိ အချိန်၁ပတ် သတ်မှတ်ထားပါတယ်။

ဇာတ်ပို့ ဇာတ်ရံ အသင်းဝင်ထားသော အသင်းသားများ အားလုံးက ထောက်ပံ့ကြေး ထုတ်ယူနိုင်တာဖြစ်ပြီး ပေးအပ်သွားမယ့် ပစ္စည်းတွေ က အလှူငွေ ၂သောင်းကျပ်နဲ့ တစ်ခါသုံး Mask များပါဝင်တယ် လို့ သိရပါတယ်။

‘ covid-19ကာကွယ်သည့်အ နေဖြင့်လူစု လူ ဝေး မဖြစ် ပေါ် စေရန် ၁ ပါတ်အတွင်း အဆင် ပြေ ပြေ အေး ဆေးစွာလာ ရောက် ထုတ်ယူနိုင်ပါသည်။ ‘လို့ မြန်မာနိုင်ငံ ဇာတ်ပို့ဇာတ်ရံများအသင်း ဥက္ကဌ ဦးဝင်းမြိုင်က ပြောဆိုထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here