ကိုယ်တိုင်က ဆိုင်လေး ဖွင့်ထားတာကြောင့် ရွှေဘိုမြို့ ကဈေးသည်တွေကို ကိုယ်ချင်းစာပြီး အလှူငွေများ လှူဒါန်းခဲ့တဲ့ အိစိကွေး

0
216

သရုပ်ဆောင် အိစိကွေးက မကြာသေးခင်က ဖြစ်ပွါးခဲ့တဲ့ စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့ရှိ မြိုမဈေးကြီး မီးလောင်းသွားတဲ့အချိန် ဆိုင်ခန်းများ ဆုံးရှုံးမှုတွေ ရှိခဲ့တဲ့ အတွက် သူတက်နိုင်သလောက်လေးတွေ အလှူခံပြီး ရွှေဘိုဈေးကြီး မီးလောင်တုန်းက ဆုံးရှုံးသွားတဲ့ ဆိုင်ခန်းပေါင်း ၉၀၁ခန်း၊ ဆိုင်ရှင်-၅၈၁ဦး ၊ဆိုင်ငှါး-၁၆၀၊ ပျံကျဈေးသည်-၂၄၀၊ အလုပ်သမား-၇၀၀ (ဦးဇင်းပြောပြတဲ့ စာရင်းအရ) အတွက် အလှူငွေ များကို ရွှေဘိုမြို့က ဓမ္မဒါယီဆရာတော်အရှင်Ven Pawara (သာသနာပြုနယ်လှည့်ဓမ္မကထိက) အား အပ်နှံခဲ့တယ်လို သိရပါတယ်။

အခုလို မီးလောင်တဲ့ဆိုင်ခန်းတွေကို သွားလှူဖြစ်တာက ကိုယ်တိုင်လည်း ဆိုင်လေး ဖွင့်ထားတာကြောင့် ဆိုင်ခန်း ဆုံးရှုးသွားတဲ့ အပေါ် ကိုယ်ချင်းစာမိတဲ့ အတွက် အခုလိုလှူဖြစ်တာဖြစ်တယ်လို့ ပေါ်ပြူလာကို အခုလိုပဲပြောပါတယ်။”

ကျွန်တော် ဒီလိုသွားလှူဖြစ်တာက မီးလောင်ပြီးနောက်နေ့ ပုံတွေတက်လာတာတွေ့တယ်။ အဲ့ဒီမှာ အန်တီကြီးတွေ ငိုနေတာတွေ့တော့ မီးလောင်သွားတဲ့ဈေးကြီးကို ကြည့်ပြီးအရမ်းလည်း သနားတယ်၊ ကိုယ်ချင်းလဲစာမိတယ်။ ကိုယ်တိုင်ကလည်း Boo Doo ဆိုတဲ့ဆိုင်လေး ဖွင့်ထားတော့ သူတိုရဲ့ ခံစားချက်ကို နားလည်မိတယ်။ ပြီးတော့မြန်မာ လူမျိုးတွေရဲ့ စိတ်ရင်းကိုက ကူညီပေးချင်တဲ့စိတ်က အမြဲရှိနေတော့ လှူဖြစ်သွားတာပေါ့။ အခြေအနေတွေ အရ အလုပ်တွေ ရပ်ထားတော့ အများကြီး မလှူနိုင်ဘူး။ အဲ့ဒီတော့ပရိသတ်တွေ နဲ့ပေါင်းပြီး လှူရင် ကုသိုလ်တွေ အများကြီး ရမယ်ဆိုပြီး အကုန်လုံး နဲ့ပေါင်းပြီး လှူဖြစ်ခဲ့ပါတယ်။” လိုအခုလိုပဲပြောခဲ့ပါတယ်။


အိစိကွေးက လတ်တလောဖြစ်ပေါ်နေတဲ့ ခေတ်ကာလ အခြေအနေအရ အခက်အခဲဖြစ်ပေါ်နေတဲ့သူတွေ အတွက် မိတ်ဆွေ၊ သူငယ်ချင်းများ ဆီက အလှူငွေ များကောက်ခံပြီး အလှူအတန်းတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here