မြန်မာပြည်သူများအား ကူညီမှုများ စဉ်ဆက်မပြတ်ပေးမည်ဟု အီးယူဂတိပြု

0
133
မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂ သံအမတ်ကြီး Ranieri Sabatucci

ရန်ကုန်၊ ဇွန်၈

မြန်မာပြည်သူများအား စဉ်ဆက်မပြတ် ကူညီမည့်အပြင် ပညာရေး အခွင့်အလမ်းများပါ ကမ်းလှမ်းပေးမည်ဟု ဥရောပ သမဂ္ဂက ယနေ့ ညနေတွင် ဂတိပြု ကြေညာသည်။

ဇွန်လ ၁၆ ရက်တွင် ကျင်းပမည့် ဥရောပ၌ ပညာသင်ယူရေး စီမံကိန်း (Study in Europe project) ၏ ပထမဦးဆုံး အွန်လိုင်း ပညာရေးပြပွဲပြုလုပ်ရန် ရှိရာ ထိုပြပွဲသို မြန်မာပြည်သူများ တက်ရောက်ခွင့်ရမည်ဟု အီးယူက ဆိုသည်။

ထိုပြပွဲသည် ဥရောပ၌ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းသစ် များကို ရှာဖွေလေ့လာနိုင်မည် ဖြစ်၍ ပြပွဲတက်ရောက်ခွင့်ရရှိစေရန်အတွက် ကြိုတင်စာရင်းပေးသွင်းရန်လည်း မြန်မာနိုင်င့ဆိုင်ရာ အီးယူသံရုံးက ဆိုထားသည်။

https://www.studyineuropefairs.eu/exhibitions/detail/19/


LEAVE A REPLY

Please enter your comment!
Please enter your name here