သီးနှံဈေးကွက်တွေ မကောင်းတဲ့အပြင် သီးနှံများ မပေါ်သေးသည့် အတွက် တောင်သူများ စိုက်ပျိုး စရိတ်ချေးငွေဟောင်းတွေ ဆပ်ဖို့ ခက်ခဲနေ

0
174

နေပြည်တော် ဇွန် ၁၀

စိုက်ပျိုးစရိတ်ချေးငွေ များပြန်ဆပ်ကာ ယခုနှစ်အတွက် မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေးနေပေမဲ့ တောင်သူ အများစုမှာ ယခင်နှစ် စိုက်ပျိုးစရိတ်ချေးငွေဟောင်း များကို ပြန်လည်ဆပ်နိုင်ခြင်း မရှိကြသေးဘူးလို့သိရပါတယ်။

အခုနှစ်တွင် သီးနှံဈေးကွက်များ ဈေးကောင်း မရရှိတဲ့အပြင် ယခုချိန်မှာ စိုက်ပျိုးထားသည့် သီးနှံများ မပေါ်သေးသည့် စပ်ကူးမတ်ကူးချိန် ဖြစ်နေတာကြောင့် တောင်သူ အများစုမှာ ယခင် ၂၀၂၀ ပြည့်နှစ်က ထုတ်ချေးပေးထားသည့် စိုက်ပျိုး စရိတ်ချေးငွေဟောင်းတွေကို ပြန်မဆပ်နိုင်ဘဲ ဖြစ်နေကြရတယ်လို့ နေပြည်တော် လယ်ဝေးမြို့နယ်က တောင်သူ တစ်ဦးဖြစ်သည့် ကိုကျော်နိုင်ဦးက ပြောပါတယ်။

” ခုက သီးနှံတွေကလဲ မပေါ်သေးဘူး။ စပါးတို့၊ နှမ်းတို့ မပေါ်သေးသလို ပေါ်ပြီးတဲ့သီးနှံဈေးကွက်တွေ ကလဲ မကောင်းတော့ ဈေးကောင်း မရဘူး။ ဒါကြောင့် ချေးငွေသွင်းဖို့က မသွင်းနိုင်သေးဘူး ဖြစ်နေတယ်။ စပါးဈေးက အသစ် မပေါ်သေးဘူး။ အဟောင်းက တစ်ပြည့် တစ်ခွက်တက်တဲ့ စပါးဆို တငါး ၁၀၀ ကို ရှစ်သိန်းခွဲပေါက်ပါတယ်။ တစ်ပြည့်နှစ်ခွက် ဆိုရင် တင်း ၁၀၀ ကို ၉ သိန်းခွဲနှုန်းပေါက်ပါတယ်” ဟု နေပြည်တော်မှ တောင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ၂၀၂၁ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေတွေ ကို ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ကနေ စတင်၍ ချေးငွေဟောင်းပြန် ဆပ်ပြီးတဲ့ တောင်သူတွေကို ထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။ ဒီလို ထုတ်ချေးပေးရာမှာ ဇွန်လ ၄ ရက်နေ့ထိတွင် နိုင်ငံတစ်ဝန်းက စိုက်ဧကပေါင်း ၇၀၀၀၀ ကျော် အတွက် စိုက်ပျိုး စရိတ်ချေးငွေကျပ် သန်း ၁၀၀၀၀ ကျော်ကို ထုတ်ချေးပေးထားပြီး ဖြစ်တယ်လို့ မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်က သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here