အသုပ်စုံဆိုင်လေး ဖွင့်ထားတဲ့ ဇာတ်ညွှန်းဆရာ ဦးငြိမ်းမင်း

0
405

ဇာတ်ညွှန်းဆရာ ဦးငြိမ်းမင်းဟာ ‘ရန်ကင်းအောင်’ လို့ခေါ်တဲ့ လက်ဖက်သုပ် နဲ့ အသုပ်မျိုးစုံဆိုင်လေးကို ဖွင့်လှစ်ထားပါတယ်။

ဦးငြိမ်းမင်းရဲ့အသုပ်ဆိုင် ဟာ မန္တလေးမှာ ဖွင့်ထားတာဖြစ်ပြီး လိပ်စာ အတိအကျ ကတော့ သီတာလမ်း နဲ့ပိတောက်လမ်းထောင့်၊ ရန်ကင်းအောင် ရပ်ကွက်၊ ပုသိမ်ကြီးမြို့၊ မန္တလေး ဖြစ်ပါတယ်။

၎င်းအသုပ်ဆိုင်ကို မြန်မာနိုင်ငံမှာ ကိုဗစ် စတင်ဖြစ်စကတည်းက ပိတ်ထားခဲ့ရတာဖြစ်ပြီး ၂၀၂၁ ဇွန်လ ၁၀ရက်နေ့မှသာ ပြန်လည် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ဦးငြိမ်းမင်းကလည်း သူ့ရဲ့ Facebook အကောင့်မှာ
“ပိတ်ထားခဲ့တာကြာသွားပါပြီ
ကိုဗစ်လှိုင်းအစပိုင်းထဲကပါ
မန္တလေးမှာရှိနေတဲ့ကာလ မှာ
ဆိုင်လေးကိုပြုပြင်နေခဲ့တယ်
အပန်းဖြေစရာ ရှားပါးတဲ့ကာလ
စားသောက်စရာလေးတွေ
အဆင်ပြေပြေ ဈေးသင့်သင့်ကလေးနဲ့
အများစိတ်ချမ်းချမ်းသာသာ
ဖြည့်ဆည်းပေးဖို့
၁၀. ၆. ၂၀၂၁မှာပြန်ဖွင့်ပါမယ်
ကိုယ့်အကျိုးတစ်ခုထဲ
ဦစားပေးပြီးဖွင့်တာမဟုတ်ပါ
ယခင်ဖွင့်စဉ်က စားဖူးသူတွေ
အကြိမ်ကြိမ်တောင်းဆိုလာတဲ့
ဆန္ဒတွေကို ဖြည့်ဆည်းပေးခြင်းပါ”
လို ရေးသားထားပါတယ်။
ရန်ကင်းအောင် အသုပ်ဆိုင်မှာ လက်ဖက်သုပ်နဲ့အသုပ်မျိုးစုံကို အဓိကထားရောင်းချတာဖြစ်ပြီး မနက်ခင်းပိုင်းမှာတော့ ထမင်းကြော်ပါ ရရှိနိုင်တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here