သီလရှင်ဝတ်ဖို့ ဆံချနေတဲ့အချိန်မှာ မျက်ရည်ကျခဲ့တဲ့ သရုပ်ဆောင် သိင်္ဂီထွန်း

0
872

ဗီဒီယိုဇာတ်ကားတွေမှာ ပရိသတ် အားပေးမှုတွေနဲ့ နာမည်တခုရလာခဲ့တဲ့ ဇာတ်ပို့ သရုပ်ဆောင်သိင်္ဂီထွန်းကတော့ လတ်တလော အနုပညာ လှုပ်ရှားမှုတွေ နားထားရတဲ့ အချိန်မှာ သီလရှင် ဝတ်ကာ သာသနာ့ဘောင်ထဲသို့ ဝင်ခဲ့ပါတယ်။ သီလရှင်ဝတ်ဖို့ ဆံချနေချိန် ကွယ်လွန် သွားတဲ့ မိဘနှစ်ပါးကိုလွမ်းဆွတ်လို့ ငိုဖြစ်တဲ့အကြောင်းကို သူမရဲ့ဖေ့ဘုတ်စာမျက်နှာ မှာ အခုလိုပဲရေးသားထားပါတယ်။

သူတစ်ပါးကို စိတ်စေတနာ သန့်သန့်နဲ့ ကူညီမူတွေမြောက်များစွာ ပြုရပြီးနောက် နစ်နာဆုံးရှူံးမှုတွ နဲ့သံဝေဂတရားတွေ ရပြီး စိတ်ပြေပျောက်ဖို့ ဒီလိုမိုးသည်းနေ့မှာ.

တောင်ပေါ် အကွေ့ကောက် လမ်းလေးတွေ နဲ့ သဘာဝတိုင်းအေးချမ်း သာယာပြီး တိတ်ဆိတ်တဲ့တောင်ခြေက ဓမ္မရိပ်သာမှာ ကားကို ကိုယ်တိုင်မောင်းပြီး တစ်ယောက်ထဲ သီလရှင်ဝတ်ဖြစ်မယ်လို ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့မိဘူး.
ဆရာလေး သုနန္ဒာ ပြုံးနေစဲပါ
ဝမ်းနည်းမိတာက ကွယ်လွန်သွားကြတဲ့မိဘတွေကို ဆံချတဲ့ချိန်တမ်းတမိလို့ပါ..

လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ.

လူ့ဘဝ တိုတောင်းပါတယ်

ကိုယ်ချင်းစာတရားထားကြပါ

ဂတိသစ္စာတည်ကြပါ.

..ကျေးဇူးတရားသိတတ်ဖို့ မလိုတာအကြောင်း မဟုတ် ကျေးမစွတ်ဖို့ အရေးတွေးမိပြီး သတိတရား အသိတရားလေးတွေ နဲ့ စိတ်ထား ဖြူစင်စွာ ကျင့်ကြံနေထိုင်ကြပါမှ သံသရာကောင်းကျိုး မတောင့်တဘဲ ရရှိမှာအမှန်ပါ…” လိုရေးသားထားပါတယ်။

Photo-crd


LEAVE A REPLY

Please enter your comment!
Please enter your name here