ကိုဗစ် နဲ့ ပတ်သက်ပြီး ပရိသတ်တွေကို သတိပေးချက်လေးတွေ ပြောပြခဲ့တဲ့ စိုပြေမြင့်

0
165

ဇာတ်လမ်းတွဲ သရုပ်ဆောင် စိုပြေမြင့် ရဲ့ မိဘနှစ်ပါးစလုံးဟာ covid ရောဂါ ကူးစက်ခံနေရတာပဲ ဖြစ်ပါတယ်။ မိဘနှစ်ပါးလုံး ကိုဗစ်ရောဂါ ကူးစက်ခံနေရ တာကြောင့် စိတ်မကောင်းဖြစ်နေရသလို ပရိသတ်တွေ အတွက်လည်း ကိုဗစ်ကို ကာကွယ်ဖို့ သတိပေးချက်လေးတွေကို သူ့ရဲ့ဖေ့ဘုတ်စ် စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။

“ COVID-19 နဲ့ပတ်သတ်ပြီး သတိထပ်ပေးချင်လို့ပါဗျ
အမေကတော့ ကာကွယ်ဆေးထိုးထားတော့ ဆီးချို ရှိတာတောင် နည်းနည်း ခံနိုင်ရည်ရှိလို့ သက်သာပါတယ် အဖေက တော့ ဆေးမထိုးတဲ့ အတွက် တစ်ချက်တစ်ချက် အမောဖောက်လို့ အောက်ဆီဂျင် ပိုပေးပြီး ဆေးပိုသွင်းနေရပါတယ် ခုလိုတင်ပေးတာ အားလုံး ကိုယ့် ကျန်းမာရေးကို ပိုဂရုစိုက်အောင် တင်ပေးတာပါ တစ်ချို့က Massage Box မှာ တစ်ခုခုဆို ဝေမျှပေးဖို့ လာလာပြောလို့ တင်ပေးရတာပါဗျ Mask တပ်ပြီး လက်ဆေးကြပါဗျ ဖြစ်နိုင်ရင် အိမ်မှာဘဲနေကြပါနော် 🙏🏻🙏🏻🙏🏻

#ဆေးထိုးလည်းကူးပါတယ်# မပေါ့ပါနဲ့ 😞” လို ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here