အသင့်စား ငါးပိရည်ဖျော် ထုတ်လုပ်ရောင်းချနေတဲ့ ဒီဇိုင်နာသက်နှင်းအေး

0
182

ဒီဇိုင်နာ သက်နှင်းအေး (Dozo Fashion) ဟာ အသင့် ဝယ်ယူစားသုံးနိုင်တဲ့ ငပိရည်ဖျော် တစ်မျိုးကို စတင်ထုတ်လုပ်ရောင်း ချနေပြီ ပဲဖြစ်ပါတယ်။

ကုန်ပစ္စည်းရဲ့အမည်ကိုတော့ ‘ရေချို’ လို့ အမည်ပေးထားပြီး သူမဟာ ဒီလုပ်ငန်းကို ၂၀၂၀နှစ်ကုန်ပိုင်းမှာ စတင် လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
‘ရေချို’ အသင့်စား ငပိရည်ဖျော်က အမှုန့် အမျိုးအစားဖြစ်ပြီး ရေနွေးဖြင့်ရောစပ်ကာ စားသုံးရမှာဖြစ်ပါတယ်။
ငရုပ်သီးမှုန့်၊ ပုစွန်ခြောက်မှုန့်စတဲ့ ပါဝင်ပစ္စည်းများလည်း ပါဝင်တယ်လို့ သိရပါတယ်။

မှာယူလိုသူတွေ အနေနဲ့ကတော့ ‘ရေချို’ facebook page ကနေတစ်ဆင့် မှာယူနိုင်တာဖြစ်ပါတယ်။

ဒီဇိုင်နာ သက်နှင်းအေး အနေနဲ့ နောက်ထပ်လည်း မုန့်ဟင်းခါးခြောက်ထုပ်၊ အုန်းနို့ခေါက်ဆွဲ စတဲ့စားသောက်ကုန် များကို ထပ်မံထုတ်လုပ် သွားဖို့ရှိတယ်လို့လည်းသိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here