ရဟန်း၊ သံဃာ၊ သီလရှင်၊ သက်ကြီးရွယ်အိုတွေကို အဓိကထား ကုသပေးတယ်ဆိုတဲ့ ထူးခန့်ကျော်

0
237

သရုပ်ဆောင် ထူးခန့်ကျော်က သူတတ်မြောက်တဲ့ ပညာလေးနဲ့ ၇ရက်သားသမီးတွေကို အရိုး၊ ကျီးပေါင်း ၊လေဖြတ်၊ ကင်ဆာ စတဲ့ရောဂါတွေ ကို ဆေးကုသမှု အခကြေးငွေမယူဘဲ ကုသပေးလျက် ရှိပါတယ်။ အခကြေးငွေ မယူဘဲဆေးကုသပေးတဲ့ အတွက် လူနာ ရှင်တွေ အနေနဲ့ စိတ်ရှည်ဖို့ အကြောင်းကိုလည်း ထူးခန့်ကျော်က အခုလိုပြောပြခဲ့ပါတယ်။

” ကျွန်တော်ဆီမှာ လာရောက်ကုသတော့မယ် ဆိုရင် မိမိတို့ရဲ့ အတ္တ၊ မာန၊ စည်းစိမ်ဥစ္စာတွေ အားလုံးကိုအိမ်ထားခဲ့ပါလို့ ပြောချင်တယ်။ ကျွန်တော့်ဆီမှာ ကုတယ်ဆိုတာ ရဟန်း၊သံဃာ၊ သီလရှင်၊သက်ကြီးရွယ်အိုတွေ ကို တကယ် ဦးစားပေးတယ်။ တချို့ နံပါတ်(၁) တိုကင် ရထားပေမယ့် သူ၉နာရီလောက်မှ ကုသရတယ်။ရှေ့မှာ ရဟန်း၊ သံဃာတွေကြွတော့ကုသပေးရတာ နဲ့ သူတိုအဲ့အချိန်လောက်မှ ကုရတယ်။ အဲ့ဒါကြောင့် စိတ်ရှည်ရှည် နဲ့စောင့်ဆိုင်းပေးစေချင်တယ် ။နောက်တခုက ဘာလဲဆိုတော့ အခုမျက်မှောက်ကာလမှာ ကောင်းသော စကားတွေကို တက်နိုင်သလောက်ပြောပြီး ကောင်းတဲ့အမြင်တွေကို တက်နိုင်သလောက် မြင်ပေးပါလို့ ပြောချင်ပါတယ်။” လိုပြောပါတယ်။

သရုပ်ဆောင်ထူးခန့်ကျော်ရဲ့ ဆေးခန်းကို ၃၂ရပ်ကွက် ၊ရွှေပြည်သာလမ်း၊မြောက်ဒဂုံမြိုနယ်မှာ ဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here