မြိတ်ဒေသထွက် အစားအစာတွေရောင်းနေတဲ့ သရုပ်ဆောင် မိုးဟေမာန်ခင်

0
272

ဗီဒီယို ဇာတ်လမ်းတွဲတွေ မှာ ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင် မိုးဟေမာန်ခင်ဟာ အနုပညာ အလုပ် နဲ့ဝေးကွာနေတာ ၅နှစ်လောက် ရှိပြီလို့ သိရပါတယ်။ အနုပညာအလုပ်ကို မလုပ်ကိုင်တော့ဘဲ ကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်ဖြစ်နေပြီး အခုဆို အွန်လိုင်း ကနေ မြိတ်ကတ်ကြေးကိုက်၊ ဒူးရင်းယို စတဲ့ မုန့်တွေလည်းရောင်းဖြစ်နေတဲ့ အပေါ် အခုလိုပဲပြောပြခဲ့ပါတယ်။

“ အခု ကိုဗစ်ကာလမှာ လူတွေက အပြင်မထွက်ရတာ တော်တော်လည်းကြာပြီ ၊နောက်ပြီးတော့ စိတ်ညစ်ကြတာတွေလည်း ရှိတယ်။ အမရဲ့ စိတ်ကတော့ စိတ်ညစ်ရင် စားချင်တာပေါ့နော်။ အခုမြိတ်ကအမျိုးညီမလေးတွေကလည်းရောက်နေတော့ သူတို့ကဒူးရင်ယို ယူလာတယ်၊ အမလည်း စားကြည့်တော့ စားလို့ အရမ်းကောင်းတယ်။ ပြီးတော့ ကိုယ်ကအစားကောင်းစားရလို့ ရှိရင်လည်း ကိုယ်ချစ်တဲ့ သူတွေကို ကျွေးချင်တယ်။ အဲ့ဒီသဘောမျိုးလေးနဲ့ ဒူးရင်းယိုလေး ကိုရောင်းကြည့်ခဲ့တယ်။ ပြီးတော့ဒေသထွက် အစားအစာလေးတွေကို မေမေ ရယ်၊ အမရယ် ဝိုင်းလုပ်ပြီးတော့ အွန်လိုင်းမှာရောင်းဖြစ်ပါတယ် ။ရောင်းတဲ့အချိန်မှာလည်း ဒီလိုမျိုး အားပေးမှုတွေ ရခဲ့တဲ့ အတွက် အရမ်းပဲ ဝမ်းသာမိပါတယ်။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here