သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/က ရပ်ကွက်၊ ခိုင်သဇင်လမ်းရှိ အမက(၉)ကျောင်းရှေ့ပေါက်ကွဲမှုဖြစ်

0
174

ရန်ကုန် ဇွန် ၁၉

သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/က ရပ်ကွက်၊ ခိုင်သဇင်လမ်းရှိ အမက(၉)ကျောင်းရှေ့ယာဘက်အုတ်တံတိုင်းနှင့်ဈေးတန်းကြား ရေမြောင်းတွင် ယနေ့နံနက် ၇ နာရီ ၅၅မိနစ်အချိန်ကပေါက်ကွဲမှုဖြစ်ပွါးခဲ့သည်ဟုသိရသည်။
ပေါက်ကွဲမှုဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင် များသွားရောက်စစ်ဆေးရာ ရေမြောင်းအတွင်း အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်းမှ ထမင်းကော်ဘူးအတွင်း ဝါယာကြိုး၊ ၁၂ ဗို့ဓါတ်ခဲ(၂)လုံးနှင့်Keypad ဖုန်းအားချိတ်ဆက်ထားသည့် ဒေသန္တရ လက်လုပ်ဗုံး (၁)လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းအပိုင်းအစများအရသိရှိရပြီးပေါက်ကွဲမှုကြောင့်လူ၊ ပစ္စည်းထိခိုက်ဆုံးရှုံးမှုမရှိကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here