စစ်ကိုင်းတိုင်း ကလေးမြို့မှာ လူလေးဦး ပစ်သတ်ခံရတဲ့ ဖြစ်စဉ်ကို အကြမ်းဖက်အဖွဲ့က ဆောင်ရွက်တာဖြစ်တယ်လို့ နစက ထုတ်ပြန်

0
93

နေပြည်တော် ဇွန် ၂၁

အခုလ (၁၉)ရက်နေ့ ညပိုင်းက စစ်ကိုင်းတိုင်း ကလေးမြို့မှာ နေထိုင်တဲ့ ဦးဝင်းဇော်ဦး မိသားစုကို အကြမ်းဖက်သမား တွေက သေနတ်နဲ့လာကောက် ပစ်ခတ်ခဲ့ပြီးလေးဦး သေဆုံးကာ သမီးဖြစ်သူ တစ်ဦးကအပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ် က ဇွန်လ၁၉ရက်နေ့ ည ၉ နာရီ ၁၅မိနစ်ခန့် မှာ စစ်ကိုင်းဒေသကြီး၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်၊ နွားတောင်ကျောင်း လမ်းနေ ဦးဝင်းဇော်ဦး ရဲ့ နေအိမ်ကို ဆူပူ အကြမ်းဖက်သောင်းကျန်း သူများက သေနတ်များနဲ့ လာရောက် ပစ်ခတ်သွားတာဖြစ်ပြီး သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာမှာတော့ ဦးဇော်ဝင်းဦးဟာ ၎င်းရဲ့နေအိမ်ရှေ့ လမ်းဘက်မှာ ဝဲဘက် ရင်အုံကျည်ထိမှန်ဒဏ်မှာ ၁ ချက်လဲကျသေဆုံးနေပြီး၊ အဆိုပါနေအိမ် အတွင်းမှာ ၎င်းရဲ့ဇနီးဒေါ်စန်းစန်းမော်၊ သားဖြစ်သူ ကိုသီဟအောင်၊ ယောက်ဖဖြစ်သူ ကိုဇော်ဇော်တို့ကတော့ မျက်နှာ၊ နောက်ကျော၊ ရင်အုံ တိုမှာကျည်ထိမှန်ဒဏ်ရာများနဲ့ သေဆုံးနေပြီး သမီးဖြစ်သူ မစန်းရွှေဦး ကတော့ ဝမ်းဗိုက်ကျည်ထိမှန်၊ ယာမျက်ခုံးဖူးယောင်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရတဲ့ အတွက် ဆေးဝါးကုသနိုင်ရေး တပ်မတော်ဆေးရုံသို့ပို့ဆောင်ထားရှိပါတယ်လို့ နစက က ထုတ်ပြန်ခဲ့တာပါ။

ဖြစ်စဉ်အတိအကျ ကိုလည်း ဒဏ်ရာရခဲ့တဲ့သမီးဖြစ်သူ မစန်းရွှေဦး သက်သာလာတာနဲ့ ထပ်မံထုတ်ပြန်ပေးသွားမယ်လို့လည်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here