ပညာရေးကိုပဲ အဓိက အာရုံစိုက်ထားပါတယ် ဆိုတဲ့ ဝါရွှေနွယ်သွေးဝင်း

0
315

အကယ်ဒမီ ဝါရင့်သရုပ်ဆောင် ဝါဝါရွှေရဲ့မြေးနှစ်ယောက်ထဲမှာမှ မြေးအကြီး ဝါရွှေနွယ်သွေးဝင်းဟာ ပညာရေးဘက်ကို ဦးစားပေးပြီး အွန်လိုင်း ကနေတဆင့် ဂျပန်စာတွေ သင်ယူနေတယ်လို့ သိရပါတယ်။ အနုပညာ နဲ့ပညာရေးကို သမီးတွေ စိတ်တိုင်းကျသာ ပြုလုပ် ခွင့်ပေးထားတယ်လို့ မိခင်ဖြစ်သူဟေနွယ်ဦး က အခုလိုပဲ ပြောပြခဲ့ပါတယ်။

“ သမီးလေးကတော့ လောလောဆယ် တက္ကသိုလ် ပထမနှစ်ကိုပဲ အာရုံစိုက်ထားတာဆိုတော့ ပညာရေးပဲ အာရုံစိုက်ထားပါတယ်။ ဒီမှာလည်း အနုပညာအလုပ်တွေက ကိုဗစ်ကော ၊နိုင်ငံရေး အခြေအနေလေးတွေ ရှိတော့ လောလောဆယ် ပညာရေးဘက်ပဲ အာရုံစိုက်ထားပါတယ်။ အနုပညာအလုပ်ကိုပေးမလုပ်တာမဟုတ်ပါဘူး။ အစကတည်းကလည်း သူတိုခံယူချက်နဲ့ပဲ လုပ်ခိုင်းတာဆိုတော့ အခွင့်အရေးရတယ်၊ သူကလည်း လုပ်ချင်တယ်ဆိုရင်တော့ ပေးလုပ်မှာပါ။”လိုပြောပါတယ်။

လက်ရှိမှာ အနုပညာနဲ့ ပညာရေးမှာ ပညာရေးကိုပဲ အာရုံစိုက်နေတယ်လို့ ဝါရွှေနွယ်သွေးဝင်းက” သမီးကတော့ ပညာရေးပဲအဓိက ဦးစားပေးထားပါတယ်။ အခုကတော့ အနုပညာနဲ့ ပတ်သက်ပြီး စဉ်းစားထားတာ မရှိသေးပါဘူး။ အနုပညာလုပ်ရတာ ဝါသနာပါတဲ့ အတွက် နောက်ထပ် လုပ်ဖြစ်ရင်လည်း လုပ်ဖြစ်မှာပါ။ အခုကတော့ ပညာရေးကိုပဲ အာရုံစိုက်ထားပါတယ်။ အားပေးတဲ့သူတွေကိုလည်း ဆက်လက် အားပေးပါ။”လိုပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here