ဆိုင်ခန်း ကျဉ်းကျဉ်းလေး ကနေ သူဝါသနာပါတဲ့ ဒီဇိုင်နာ ဘဝကို စခဲ့ရတဲ့ ဒီဇိုင်နာရတု

0
225

အောင်မြင်တဲ့ ဒီဇိုင်နာတစ်ယောက် အနေနဲ့ နေရာယူထားတဲ့ ဒီဇိုင်နာရတု ဟာ လက်ရှိမှာ ဒီဇိုင်နာ သင်တန်းကျောင်းလေး ဖွင့်ထားပြီး သူတတ်မြောက် ထားတဲ့ ဒီဇိုင်နာပညာကို လက်ဆင့်ကမ်းပေးနေတာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်ဖို့ အခက် အခဲတွေ အများကြီး ရှိခဲ့ကြောင်းကို အခုလိုပဲပြောပြခဲ့ပါတယ်။

“ ကျွန်တော်အောင်မြင်ဖို့ ကြိုးစားရင်း အခက်အခဲတွေတော့ အများကြီးရှိတယ်။ အခက်အခဲ ရှိမှလည်း အောင်မြင်မှုတွေ ရှိမှာပေါ့နော်။ အခက်အခဲတွေက အရင်ကဆို ကျွန်တော့် အခန်းကျဉ်းကျဉ်းလေးထဲ မှာပဲ ဆိုင်လေးကိုဖွင့်တယ်။ ဖွင့်တဲ့အချိန်မှာလည်း အနုပညာရှင်တွေ အလုပ် လာအပ်ကြတာ ရှိတယ်။ လာအပ်တော့ အခန်းကျဉ်းလေး ဆိုတော့ အဆင်မပြေတာတွေ ရှိတယ်။ ပြီးတော့ ဒီဇိုင်နာ ကယောကျာ်းလေးဖြစ်နေတော့ တချိုအကျီလာအပ်မယ့်သူတွေ က ကိုယ်တိုင်းရင် အားနာရတာတွေရှိတယ်။ အခက်အခဲတွေက အမျိုးမျိုး ကြုံခဲ့ရတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ကိုယ်ဖြစ်ချင်တဲ့အိပ်မက်တွေကို အကောင်ထည်ဖော်ခွင့်ရတဲ့ အတွက် အရမ်းဝမ်းသာမိတယ်။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here