ယနေ့မနက်ပိုင်းက မန္တလေး ပစ်ခတ်မှုဖြစ်စဉ် တွင် တဖက်မှ (၈)ဦး သေဆုံးခဲ့ဟု နစက ထုတ်ပြန်

0
298

နေပြည်တော် ဇွန် ၂၂

မန္တလေးမြို ချမ်းမြသာစည်မြို့နယ်အတွင်းမှာ လက်နက်အချို့ နှင့် PDFသမားများ ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာမှာ လက်နက်ငယ် အပါအဝင်လက်ပစ်ဗုံးများနဲ့ တဖက်က စတင် ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်ခဲ့ပြီး တဖက်မှ (၈)ဦးသေဆုံး သွားတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေး ခဲ့ပါတယ်။

ဒီကနေ့မနက်ပိုင်း ခုနှစ်နာရီခွဲလောက်က စတင် ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ နစက ဘက်က လည်း ပြင်းထန်စွာထိခိုက်မိသူအချို့ ရှိခဲ့တယ်လို့ သိရပါတယ်။

မန္တလေးဖြစ်စဉ် ကို လူမှုကွန်ယက်ပေါ်မှာလည်း MPDF အဖွဲ့က မြို့ပြ စစ်ပွဲစတင်လိုက်ပြီဆိုတဲ့ သတင်းတွေ တက်လာပြီး အမျိုးမျိုး ဝေဖန် မှုတွေထွက်ပေါ်နေတာ ဖြစ်ပါတယ်။

မန္တလေးမှ မိန်းကလေးတစ်ဦးက “ဖြစ်တဲ့နေရာ
ထွန်တုံးရပ်ကွက်၊ ၅၄လမ်းနှင့် ၁၁၁လမ်း က မန္တလေး ကနေ ပြင်ဦးလွင် အထွက်နားမှာပါ။ ခု ကျွန်မက မြို့ထဲရောက်နေတာတောင် ဗုံးကွဲသံ၊ သေနတ်သံတွေကြားရပါတယ် ၊မြို့ထဲမှာက ပုံမှန်နီးပါးသွားလာနေပေမယ့် ဖြစ်နေတဲ့နေရာ ကတော့ အတော်ဆိုးပါတယ်”ဟု ပေါ်ပြူလာနယူးစ်သို့ ဖြေကြားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here