ရိုးမဘဏ် ( နေပြည်တော်ဘဏ်ခွဲ)မှ ဝန်ထမ်းတစ်ဦး ကိုဗစ်ပိုးတွေ့၍ ဘဏ်ကို ၉ ရက်ခန့် ယာယီပိတ်

0
2056

နေပြည်တော်၊ဇွန် ၂၅ရက်

ရိုးမဘဏ်( နေပြည်တော်ဘဏ်ခွဲ)မှ ဝန်ထမ်းတစ်ဦး ကိုဗစ်ပိုးတွေ့၍ ဘဏ်ကို ၉ ရက်ခန့် ယာယီပိတ်ထားကြောင်း ယင်းဘဏ်က ယနေ့ နေ့လယ် တွင်ကြေညာသည်။

ဘဏ်ယာယီပိတ်ထားခြင်းအပေါ် ရိုးမက “ရိုးမဘဏ်( နေပြည်တော်ဘဏ်ခွဲ)မှ ဝန်ထမ်းတစ်ဦး Covid -19 ရောဂါလက္ခဏာများ ခံစားနေ ရသဖြင့် ဝန်ထမ်းများနှင့် Customerများ ဘေးကင်းလုံခြုံရေး အတွက် လိုအပ်သည့် လုပ်ဆောင်ချက်များ ဆောင်ရွက်ရန် ၂၀၂၁ ခုနှစ် ဇွန်လ ၂၄ရက် နေ့မှ ဇူလိုင်လ ၂ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်”ဟု ဆိုသည်။

နေပြည်တော်ဘဏ်ခွဲ ယာယီပိတ်ထားချိန်တွင် ပျဉ်းမနားဘဏ်ခွဲ၊ အမှတ် ၈/၂၃၊ ဗိုလ်တောက်ထိန်လမ်း၊ ရန်အောင် (၁) ရပ်ကွက်၊ ပျဉ်းမနားမြိုတွင် ဘဏ်လုပ်ငန်းများဆောင်ရွက်ပေးမည်ဟု ရိုးမက ဆိုသည်။

ဇွန် ၂၄ရက် ထုတ်ပြန်ချက်အရ နေပြည်တော်တွင် ကိုဗစ်ကူးစက်သူ ၅ဦး ရှိခဲ့သည်။

လက်ရှိတွင် နေပြည်တော် အဝင်၊ အထွက် ဂိတ်တိုတွင် ကျန်းမာရေးစစ်ဆေးမှုများ၊ ကိုဗစ်စစ်ဆေးမှုများ ဆက်တိုက် လုပ်ဆောင်နေသည် ကို တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here