အမေရိကန်လေတပ်လေယာဉ်ငယ်တစ်စီးပျက်ကျရာ လေတပ် အလုပ်သင်အရာရှိ တစ်ဦးသေဆုံး

0
250

တက္ကဆပ်၊ ဇွန် ၂၈

အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ ဖို့ဝပ်သ်မြို့တောင်ပိုင်းတွင် AA-A1 အမျိုးအစား ၂ယောက်စီး လေယာဉ်ငယ်တစ်စီး ပြီးခဲ့ သည့် ရက်အနည်းငယ်က ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင်ပါရှိသည့် အမေရိကန်လေတပ် အကယ်ဒမီမှ အလုပ်သင်အရာရှိနှစ်ဦးအနက် တစ်ဦးသေဆုံးခဲ့သည်။

သေဆုံးသူမှာ အသက်၂၀ အရွယ်ရှိ အလုပ်သင်အရာရှိ နစ်ခ်ဒူရန်ဖြစ်ကြောင်း ကိုလိုရာဒိုစပရင်းရှိ အမေရိကန်လေတပ်အကယ်ဒမီမှ တာဝန်ရှိပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ရစ်ချတ်ကလပ်က သူ၏ တွစ်တာအကောင့်တွင် ရေးသားထားသည်။

“သူဟာ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတော်တစ်ယောက်၊ မိတ်ဆွေတစ်ယောက်၊ အတန်းဖော်တစ်ယောက်ဖြစ်ပြီး အမေရိကန်လေတပ် အကယ်ဒမီ ရဲ့ အစိတ်အပိုင်းတစ်ခုလဲဖြစ်ပါတယ်”ဟုလည်း ရစ်ချတ်ကလပ်ကရေးသားထားသည်။

Ref: Air Force Cadet 1 of 2 Killed in Small Plane Crash in Texas


LEAVE A REPLY

Please enter your comment!
Please enter your name here