ကိုဗစ်စည်းကမ်းချိုးဖောက်မိခဲ့သဖြင့် ဗြိတိန်ကျန်းမာရေးဝန်ကြီး ရာထူးမှ နုတ်ထွက်

0
116

လန်ဒန်၊ ဇွန် ၂၇

ဗြိတိန်ကျန်းမာရေးဝန်ကြီး မက်ဟန်းကော့သည် သူ၏ ထိပ်တန်း လက်ထောက်အရာရှိ တစ်ဦးနှင့် တွေ့ဆုံစဉ် သတ်မှတ်ထားသော COVID-19 ဆိုင်ရာ စည်းကမ်းများကို ချိုးဖောက်မိခဲ့သဖြင့် သူ၏ သဘော ဆန္ဒအလျောက် ရာထူးနှင့် တာဝန်မှ စနေနေ့က နုတ်ထွက်ခဲ့ သည်။

ကိုဗစ်လော့ဒေါင်း ကာလ အတွင်းက သူသည် အဆိုပါထိပ်တန်း လက်ထောက်အရာရှိ Gina Coladangelo ကို ပွေ့ဖက်နမ်းရှုံ့မိခဲ့သည့် ဓာတ်ပုံ ပျံ့နှံ့ခဲ့ခြင်းကြောင့် သူ၏လုပ်ဖော်ကိုင်ဖက်များနှင့် အများပြည်သူတို့ ဒေါသထွက်ခဲ့ကြရသည်။ ယင်းဓာတ်ပုံကို The Sun သတင်းစာ မှ ဖော်ပြခဲ့ပြီး၊ ဗီဒီယိုဖိုင်ကိုလည်း အင်တာနက်ဝက်ဆိုက်တွင် ထပ်မံဖော်ပြခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူ့အား ရာထူးမှ နုတ်ထွက်ရန် ဖိအားပေးမှု များစွာကို ကြုံခဲ့ရသည်။ မက်ဟန်းကော့နှင့် Gina Coladangelo တို့နှစ်ဦးစလုံးသည် အိမ်ထောင် ရှိကြ သူများဖြစ်ကြပြီး၊ ရင်သွေးများလည်း ရှိကြသူများဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မက်ဟန်းကော့က အများပြည်သူအား တောင်းပန်ခဲ့ပြီးဖြစ်သည်။ မက်ဟန်းကော့သည် ၁၉၇၈ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့က ဖွားမြင်ခဲ့သူဖြစ်ပြီး အသက် ၄၃ နှစ်သာရှိသေးသော ဝန်ကြီးတစ်ဦးဖြစ်သည်။

မက်ဟန်းကော့နေရာတွင် မစ္စတာ ဆာဂျစ်ဂျာဗစ်(Sajid Javid)က ကျန်းမာရေးဝန်ကြီး တာဝန်ကို အစားထိုးဆောင်ရွက်ရန် ဗြိတိန်ဝန်ကြီးချုပ် က ယနေ့ တာဝန်ပေးအပ်လိုက်သည်။

Ref: Matt Hancock quits as health secretary after breaking social distance guidance/ BBC


LEAVE A REPLY

Please enter your comment!
Please enter your name here