ဗြိတိန် တပ်မတော်စစ်ဦးစီး အရာရှိချုပ်တွင် COVID-19 စစ်ဆေးတွေ့ရှိသဖြင့် ထိပ်တန်းအရာရှိကြီး ၆ ဦးအား သီးသန့်ခွဲခြားနေထိုင်ရန် အမိန့်ထုတ်

0
158

လန်ဒန်၊ ဇွန် ၂၈

ဗြိတိန်တပ်မတော် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ဆာ နစ်ခ် ကာတာတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိပြီးသည့်နောက်ဝယ် ဗြိတိန်ကာကွယ်ရေး ဝန်ကြီးအပါအဝင် စုစုပေါင်း တပ်မတော် ထိပ်တန်းအရာရှိကြီး ၆ ဦးတို့အား သီးသန့် ခွဲခြားနေထိုင်စေရန် အမိန့် ထုတ်ပြန် လိုက်ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။

ယင်းထိပ်တန်းအရာရှိကြီးများတွင် ဗြိတိန်တပ်မတော်ရေဦးစီးချုပ်နှင့် တပ်မတော်လေဦးစီးချုပ်တို့လည်း ပါဝင်ကြောင်းသိရသည်။

ယခု သီးသန့်ခွဲခြားနေထိုင်စေသူ တို့မှာ ဗိုလ်ချုပ်ကြီး ဆာ နစ်ခ်ကာတာနှင့် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက တွေ့ဆုံဆွေးနွေး မှုပြုခဲ့ဖူး သူများဖြစ်ကြကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

“ဗိုလ်ချုပ်ကြီး ဆာ နစ်ခ်ကာတာဟာ ပုံမှန်လုပ်နေကျ COVID-19 စစ်ဆေးမှုပြုလုပ်ရာမှာ ပိုးရှိနေကြောင်း စစ်ဆေးတွေ့ရှိရတာပါ”ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်ကပြောကြားသည်။

Ref: UK military chiefs self-isolate after head of army catches Covid
Photograph: Jonathan Brady/PA


LEAVE A REPLY

Please enter your comment!
Please enter your name here