ကိုလံဘီယာသမ္မတစီးနင်းလာသော ရဟတ်ယာဉ် ပစ်ခတ်ခံရ

0
199
ကိုလံဘီယာ၊ ဇွန် ၂၆
ကိုလံဘီယာသမ္မတ အိုင်ဗင်ဒျူ (Ivan Duque)နဲ့ တခြားအရာရှိကြီးအချို့ စီးနင်းလိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ ကိုလံဘီယာနိုင်ငံတောင်ပိုင်း ကာတာတွမ်ဘိုဒေသအရောက်မှာ ပစ်ခတ်ခံရကြောင်း သမ္မတကိုယ်တိုင်က သောကြာနေ့က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
သမ္မတစီးနင်းလိုက်ပါတဲ့ ရဟတ်ယာဉ်ဟာ ကိုလံဘီယာနဲ့ ဗင်နီဇွဲလားနိုင်ငံနယ်နယ်စပ် ကာတာတွမ်ဘိုဒေသပေါ်မှာ ပျံသန်းနေစဉ် အောက်ကနေ သေနတ်နဲ့ အချက်အနည်းငယ် ပစ်ခတ်တာကိုခံခဲ့ရတာဖြစ်ပါတယ်။
“သမ္မတပါလာတဲ့ ရဟတ်ယာဉ်ကို ပစ်မှတ်ထားပြီးပစ်တာပါ”လို့ ကိုလံဘီယာသမ္မတ မစ္စတာ အိုင်ဗင်ကပြောပါတယ်။ အဲဒီ ရဟတ်ယာဉ်ပေါ်မှာ ကာကွယ်ရေးဝန်ကြီး ဒီဂိုမိုလန်နို၊ ပြည်ထဲရေးဝန်ကြီး ဒယ်နီယယ်ပါလာစီယိုနဲ့ ဆီလ်ဗာနိုဆီရန်နိုပြည်နယ် အုပ်ချုပ်ရေးမှူးတို့ လဲပါဝင်ကြောင်း သူကဖြည့်စွက် ပြောကြားပါသေးတယ်။
အဲဒီလိုပစ်ခတ်မှုကြောင့် တစ်ဦးတစ်ယောက်မှ ဒဏ်ရာမရရှိခဲ့ဘူးလို့ ကိုလံဘီယာသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။
ကာတာတွမ်ဘိုဒေသဟာ ကိုကင်းထုတ်လုပ်ရာ မှာ အဓိကဖြစ်တဲ့ ကိုကာပင်တွေစိုက်ပျိူးရေးရဲ့ ပင်မနေရာဖြစ်ပါတယ်။ အဲဒီဒေသတဝိုက်ဟာ ၂၀၁၆ ခုနှစ်က အစိုးရရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို ငြင်းဆိုခဲ့တဲ့ FARC လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ခဲ့တဲ့ လက်ဝဲစွန်းရောက် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (National Liberation Army – ELN) လှုပ်ရှားရာနေရာလဲဖြစ်ပြီး၊ ရာဇဝတ်မှုကျူးလွန်သူ လက်နက်ကိုင်အဖွဲ့တွေလဲ ရှိတဲ့ဒေသဖြစ်တယ်လို့ သိရပါတယ်။
Ref: Colombia leader says helicopter hit by gunfire near Venezuela border
Photo: AFP


LEAVE A REPLY

Please enter your comment!
Please enter your name here