ကလေး-ဂန့်ဂေါကား လမ်းမှာ စစ်ကားသုံးစီး တိုက်ခိုက်ခံရတယ် ဆိုတာ သတင်း အမှားသာဖြစ်ကြောင်း နစက ထုတ်ပြန်

0
169

နေပြည်တော် ဇွန် ၂၉

ဇွန်လ ၂၇ ရက် မွန်းလွဲပိုင်းက ကလေး ဂန့်ဂေါကားလမ်းဘေး နတ်ချောင်းရွာ အကျော်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ကို တစ်ဖက် အဖွဲ့ အစည်းက တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပေမယ့် လူမှုကွန်ယက်မှာ ပျံ့နှံ့နေသလို စစ်ကားသုံးစီး တိုက်ခိုက်ခံရတာတော့ မဟုတ်ဘူးလို့ နစက က သတင်း ထုတ်ပြန်လိုက်ပါတယ်။

တူမီး သေနတ်တွေ နဲ့လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြပေမယ့် စစ်ကားတွေကို ဖျက်စီးခဲ့တာမျိုး နဲ့ စစ်သား ကိုးဦး ကျဆုံးတယ် ဆိုတာမျိုး မရှိခဲ့ဘူးလို့ငြင်းဆို လိုက်တာပါ။

ဆယ်မိနစ်ကြာတဲ့ အပြန်အလှန် ပစ်ခတ်မှုမှာ လက်နက်ငယ်တွေကိုပါ အသုံးပြုပြီးတစ်ဖက်က ပါဝင်ပစ်ခတ်ခဲ့ကြပေမယ့် စစ်တပ်ဖက်က ကျဆုံးသူ မရှိခဲ့ဘူးလို့ နစက က အသိပေးလိုက်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here