နေပြည်တော်မှာ ကိုဗစ် လူနာ (၁၈၀၀)ကျော် အထိ ရှိလာခဲ့ပြီး အဝင်တင်းကြပ်မှုတွေ ဆက်တိုက်ပြုလုပ်နေ

0
91
နေပြည်တော် ဇွန် ၂၉
ကိုဗစ်(၁၉)ရောဂါ စတင်ဖြစ်ပွားချိန်ကစလို့ ‌ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းမှာ ကူးစက်ခံရသူအရေအတွက်က (၁၈၄၄) ဦးအထိ ရှိလာခဲ့ပြီး ထိန်းချုပ်နိုင်ရေးအတွက် အစိုးရက တင်းကြပ်တဲ့ နေပြည်တော် အဝင်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်  လို့သိရပါတယ်။
နေပြည်တော်အတွင်းမှာ မြို့နယ်(၈)မြို့နယ် ရှိပြီး ဇမ္ဗူသီရိနဲ့ဇေယျာသီရိမြို့နယ် နှစ်ခုက ကူးစက်ခံရသူ အများဆုံးဖြစ် နေပါတယ်။ ၎င်းမြို့နယ်(၂)ခုပေါင်း ကူးစက် ခံထားရသူအရေအတွက်က (၁၁၅၇)ဦး အထိရှိနေပါတယ်။ ကူးစက်မှု အနည်းဆုံးမြို့နယ် ကတော့ ဥတ္တရသီရိ မြို့ဖြစ်ပြီး စုစုပေါင်းကူးစက်သူ (၃၉)ဦးရှိနေပါတယ်။
နေပြည်တော် က အစိုးရ ယန္တရား တွေ အဓိကလည်ပတ်ရာ မြို့တော်ဖြစ်ပြီး ကိုဗစ်ပထမလှိုင်းနဲ့ဒုတိယလှိုင်းတွေမှာ တင်းကြပ်တဲ့ စည်းကမ်း ထိန်းချုပ်မှုတွေကြောင့် ကူးစက်သူနည်းပါးခဲ့တဲ့ မြို့ဖြစ်ပါတယ်။
အခု ကိုဗစ် တတိယလှိုင်းမှာတော့ မြိုနယ်အချို့ မှာ ကူးစက်သူ အရေအတွက် သိသာစွာ များလာတာကြောင့် ထိရောက်တဲ့ ထိန်းချုပ် မှုတွေကို အစိုးရက ပြုလုပ်နေပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လည်း ကူးစက်ခံရသူ ရာခိုင်နှုန်းက စံချိန်တင် မြင့်တက်နေတာကြောင့် နေပြည်တော်ကို stay at home မြို့တွေက လာရင် Quarantine ဆယ်ရက်ဝင်ရမယ် လို့သတ်မှတ်ထားပြီးဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here