အင်ဂျင်ပါဝါ နှစ်ထောင်အောက် ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်တဲ့မော်တော်ယာဉ်တွေကို အကောက်ခွန် ကင်းလွတ်ခွင့်ပေးလိုက်ပြီ

0
210
နေပြည်တော်၊ ဇူလိုင်(၁)
စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ကနေ လူစီးမော်တော်ယာဉ်တွေကို ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်မှု SKD စနစ် ပိုမို အားကောင်း လာစေဖို့ရည်ရွယ်ပြီး အင်ဂျင်ပါဝါ နှစ်ထောင်အောက် လူစီးကားတွေအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ အမိန့်ကြေညာချက်ထွက်လာပါတယ်။
SKD စနစ်နဲ့ကားတွေကို အင်ဂျင်ပါဝါ အလိုက် အကောက်ခွန်နှုန်းထားတွေ သတ်မှတ်ထားတာဖြစ်ပြီး ယခင်က အင်ဂျင်ပါဝါနှစ်ထောင် အထိ ဆယ်ရာခိုင်နှုန်း ကောက်ခံခဲ့တာပါ။ အခုဆိုရင်တော့ သုညရာခိုင်နှုန်း အဖြစ်သတ်မှတ်လိုက်ပြီး အခွန်ကင်းလွတ် ခွင့်ပြုလိုက် တာဖြစ်ပါတယ်။
အင်ဂျင်ပါဝါနှစ်ထောင် အထက် မော်တော်ယာဉ်တွေ အတွက် SKD စနစ်နဲ့ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်ရင် ယခင်က နှစ်ဆယ် ရာခိုင်နှုန်း အထိအကောက်ခွန်နှုန်းထား သတ်မှတ်ထားပေမယ့်အခု ဆိုရင် ငါးရာခိုင်နှုန်းအဖြစ် ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။
ပြည်တွင်းထုတ် SKD စနစ်နဲ့ကားတွေတင်မကဘဲ ပြည်ပက တင်သွင်းလာမယ့်ကားတွေအတွက်လည်း အကောက်ခွန်နှုန်းထား သတ်မှတ်ချက် ကို ဖြေလျော့ပေးထားပါတယ်။
ပြည်ပက တင်သွင်းလာမယ်ဆိုရင် အင်ဂျင်ပါဝါ နှစ်ထောင်အထိ ကားတွေကိုယခင်က အကောက်ခွန်နှုန်းထား သုံးဆယ် ရာခိုင်နှုန်းကောက် ခံရာက အခုနှစ်ဆယ်ရာခိုင်နှုန်း အဖြစ် ပြောင်းလဲလိုက်ပြီး အင်ဂျင်ပါဝါနှစ်ထောင်နဲ့အထက်ကားတွေကို ယခင်က လေးဆယ် ရာခိုင်နှုန်းကောက် ခံရာက အခုဆိုရင် သုံးဆယ်ရာခိုင်နှုန်း ဘဲကောက်ခံသွားတော့မယ်လို့သိရပါတယ်။
၁၉၉၂ ခုနှစ် အကောက်ခွန်နှုန်း ဥပဒေပုဒ်မ ၃၊ပုဒ်မခွဲ (ဃ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်ပမှ တင်သွင်းသော လူစီးမော်တော်ယာဥ် များအတွက် အကောက်ခွန်နှုန်းထားများ ပြင်ဆင်ကောက်ခံခြင်းကို သတ်မှတ်ပေးလိုက်တာလို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးရုံး ကနေ အမိန့်ထုတ်ပြန်လိုက်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here