နေပြည်မှာ ကိုဗစ်ကူးစက်ဖြစ်ပွားမှု ဇေယျာသီရိမြို့နယ်က အများဆုံးဖြစ်ကာ သေဆုံးသူမှာလည်း ၁၁ ဦးထိ ရှိလာ

0
99

နေပြည်တော် ဇူလိုင် ၃

နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း Covid-19 ကူးစက်ဖြစ်ပွားမှု များလာနေပြီး အများဆုံးမှာ ဇေယျာသီရိမြို့နယ်ကဖြစ်ပြီး နေပြည်တော်မှာကိုဗစ်-19 နဲ့ သေဆုံးသူ ၁၁ ဦးထိ ရှိလာနေတာပါ။

နေပြည်တော်မှာCovid-19 ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းမှာ ဒေသတွင်းကူးစက်မှုအနေဖြင့် ပိုမိုမြင့်တက်လာလျက်ရှိနေပြီး ကိုဗစ် စဖြစ်ချိန် မှ ဇူလိုင်လ ၂ ရက်နေ့ထိတွင် ပိုးတွေ့လူနာဦးရေစုစုပေါင်း ၂၀၁၉ ဦးထိ ရှိလာနေပြီး သေဆုံးသူမှာလည်း ၁၁ ဦးထိ ရှိထားပြီ ဖြစ်ကြောင်း၊ ထိုသို့ ပိုးတွေ့လူနာဦးရေ ၂၀၁၉ ဦးအနက် ဇေယျာသီရိမြို့နယ်အတွင်း ပိုးတွေ့လူနာပေါင်း ၆၃၇ ဦးဖြင့် ပိုးတွေ့လူနာ အများဆုံး တွေ့ရှိထားတာဖြစ်ပါတာ်။

” ဇူလိုင်လ နှစ်ရက်နေ့ထိမှာ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာပေါင်းက ၂၀၁၉ ဦးထိ ရှိပါပြီ။ အဲ့ထဲမှာမှ ဇေယျာသီရိမြို့နယ် က အများဆုံးဖြစ်ကြီး ဇမ္ဗူသီရိမြို့နယ်က ဒုတိယအများဆုံးပါ။ ဟုတ်ပါတယ် ဒေသတွင်းကူးစက်မှုလို့ပြောလို့ရပါတယ်။ နေပြည်တော် ပြင်ပကလာလို့ ပိုးတွေ့လူနာဦးရေက ၁၅၈ ဦးပဲ ရှိတာပါ။ ကျန်တာက နေပြည်တော်ထဲကပါပဲ” ဟု နေပြည်တော် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

နေပြည်တော်ပြည်ထောင်စုနယိမြေတွင် ဇူလိုင်လ ၂ ရက်နေ့ထိ စာရင်းအရ Covid-19 ပိုးတွေ့ရှိမှုအနေဖြင့် ဇမ္ဗူသီရိမြို့နယ်တွင် ၆၂၁ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် ၄၆ ဦး၊ ဥတ္တရသီရိမြို့နယ်တွင် ၄၅ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် ၁၃၆ ဦး၊ ဇေယျာသီရိမြို့နယ်တွင် ၆၃၇ ဦး၊ ပျဉ်းမနား မြို့နယ်တွင် ၁၉၈ ဦး၊ လယ်ဝေးမြို့နယ်တွင် ၁၂၁ ဦး၊ တပ်ကုန်းမြို့နယ်တွင် ၅၇ ဦး၊ နေပြည်တော် နယ်မြေပြင်ပ မှဝင်လာ သူများထံမှ ၁၅၈ ဦး စုစုပေါင်း ၂၀၁၉ ဦးတို့ဖြစ်ကြ ပါတယ်။

ထို့ပြင် နေပြည်တော်မှာ Covid-19 ရောဂါကူးစက်ခံရပြီး သေဆုံးသူမှာ ယခုနှစ်အတွင်း ပြီးခဲ့သည့် ဇွန်လအတွင်း၌ တစ်ဦးနှင့် ယခု ဇူလိုင်လ ဆန်းတွင် နှစ်ဦး စုစုပေါင်း သုံးဦး ထပ်မံသေဆုံးခဲ့တာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here