နေပြည်တော်တွင် မှတ်ပုံတင်ထားသည့်ယာဉ်အစီးရေ နှစ်သိန်းကျော်မှ အစီးရေ ၁၀၀ ကျော်ကို ပြောင်းလဲထားသည့် ဖောင်းကြွနံပါတ်များ လဲလှယ်တပ်ဆင်ပြီးဖြစ်

0
63

နေပြည်တော် ဇူလိုင် ၅

နေပြည်တော် ပြညိထောင်စုနယ်မြေ ရှစ်မြို့နယ်တွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် အစီးရေ နှစ်သိန်းကျော်ရှိပြီး လက်ရှိတွင် အစီးရေ ၁၀၀ ကျော်ကို ပြောင်းလဲထားသည့် ဖောင်းကြွနံပါတ်ပြားများဖြင့် လဲလှယ်ပေးထားပြီးဖြစ်ကြောင်း နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မော်တော်ယာဉ်တွင် တပ်ဆင်သည့် လက်ရှိဖောင်းကြွနံပါတ်ပြား၌ တိုင်းဒေသကြီး/ ပြည်နယ် သင်္ကေတ ၊ ရောက်ရှိအက္ခရာနှင့် ဂဏန်းများသာပါရှိရာမှ ယခုအခါ တိုင်းဒေသကြီး/ပြည်နယ် ဒေသ သင်္ကေတ တို့အပြင် မြို့နယ် ကိုယ်စားပြု ဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဉ် အမျိုးအမည် ဖော်ပြချက်တို့ကိုပါ ထပ်တိုးထည့်သွင်းသွားမည် ဖြစ်ရာ နေပြည်တော်အတွင်း ဇူလိုင်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့အတွင်း မော်တော်ယာဉ်အစီးရေ ၁၀၀ ကျော်ကို ပြောင်းလဲထားသည့် ဖောင်းကြွ နံပါတ်ပြားများ လဲလှယ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

” နံပါတ်ပြားအသစ်တစ်ချပ်ကို ကျပ် ၉၀၀၀ နှုန်းနဲ့ လဲပေးနေတာပါ။ လုပ်ငန်းစဉ်တွေကတော့ ပြောင်းလဲမှုမရှိပါဘူး။ အရင်ကတော့ နေပြည်တော်ဆိုရင် နေပြည်တော်ပဲ NPW ပေါ့။ ကားအမျိုးအစားတော့ မပါဘူး။ မြို့နယ်ကုတ်တွေ မပါဘူးပေါ့။ အခုကျတော့ နေပြည်တော် မှာ ရှစ်မြို့နယ်ရှိတဲ့ အခါမှာ ပုဗ္ဗသီရိဆိုရင် ကုတ်နံပါတ် ၇၊ ဇမ္ဗူသီရိမြို့နယ် ဆိုရင် ကုတ်နံပါတ် ၁ ပေါ့။ ဒါတွေက ရုံးချုပ်ကသတ်မှတ်ပေးတာပါ။ ပိုင်ရှင်ပြောင်းရင် ပိုင်ရှင်က ဘယ်မြို့နယ် ကိုပြောင်းတာလဲ ဆိုတာကြည့်ပြီး ကုတ်နံပါတ်တွေ ထည့်ပေးရတာပေါ့။” ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးကပြောပြသည်။

ထိုသို့ထပ်တိုး ထည့်သွင်းခြင်းဖြင့် … မော်တော်ယာဉ် နံပါတ်ပြားကို အခြား တရားမဝင် ယာဉ်များ၌ တပ်ဆင် အသုံးပြုမှုကို ထိန်းချုပ်တားဆီးနိုင်ခြင်း၊ မော်တော်ယာဉ် တည်ရှိသည့် မြို့နယ်ကိုပါ ခွဲခြားသိရှိ နိုင်ခြင် းယာဉ်နံပါတ်ပြားနှင့် မော်တော်ယာဉ် တိကျမှန်ကန်စေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင် မည်ဖြစ်ကြောင်း၊ ထို့ပြင် လုံခြုံရေးပိုင်းဆိုင်ရာ အချက်အလက် (Security Feature) များအပြင် တိုင်းဒေသကြီး/ ပြည်နယ်ဒေသ သင်္ကေတ၊ မြို့နယ်ကိုယ်စားပြု ဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဉ် အမျိုးအမည် ဖော်ပြချက်တို့ပါရှိသော အင်္ဂလိပ်အက္ခရာ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားများကို ပထမအဆင့် အနေဖြင့် ကနဦးမှတ်ပုံတင်ခြင်း၊ နယ်ဝင်/အမည်ပြောင်းခြင်း ဆောင်ရွက်သည့် မော်တော်ယာဉ်များနှင့် ပိုင်ရှင်ဆန္ဒအရ ပြောင်းလဲတပ်ဆင်လိုသည့် ယာဉ်များ၌ ဇူလိုင်လ ၁ ရက်မှစ၍ ပြောင်းလဲတပ်ဆင် ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here