မြန်မာ့ အချုပ်အခြာအာဏာနှင့် ပြည်သူများ၏ ရွေးချယ်မှုကို လက်တွေ့ကျကျ လေးစားဖို့ နိုင်ငံတကာကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောဆို

0
139

ရန်ကုန်၊ဇူလိုင် ၅

မြန်မာ့အရေးကိစ္စ အပေါ် တရုတ်နိုင်ငံတော်ကောင်စီဝင်၏ မှတ်ချက်ပြုပြောဆိုမှု တစ်ရပ်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့နေ့လယ် တွင် ဖော်ပြခဲ့သည်။

 ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က တရုတ်နိုင်ငံချင်းဟွာတက္ကသိုလ်၌ကျင်းပခဲ့သည့် (၉) ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ်တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yiက မြန်မာနိုင်ငံ အရေးဆွေးနွေးသွားခဲ့ကြောင်း တရုတ်သံရုံးက ဖော်ပြခဲ့သည်။

ဖော်ပြချက်အပြည့်အစုံမှာ …..

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး Mr. Wang Yi က ၎င်းဖိုရမ်၏ ဖိတ်ကြားမှုအရ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့ပြီး “ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်၍ လူသားတိုးတက်မှုကို တွန်းအားပေးခြင်း (Safeguarding World Peace and Promoting Human Progress)” ခေါင်းစဉ်ဖြင့် အမှာစကားပြောကြားခဲ့ပါသည်။ Mr. Wang Yi က မြန်မာ့အရေးကိစ္စတွင် အဓိက အကျဆုံးသည် အတွင်းပိုင်းဆွေးနွေးမှုကို တွန်းအားပေးဖော်ဆောင်ကာ နိုင်ငံရေးပြန်လည်သင့်မြတ်မှုကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် အခက်အခဲများ ကြုံတွေ့ရခြင်းသည် အခြေခံအားဖြင့် ဆိုရလျှင် ပြည်တွင်းရေး အရေး ကိစ္စဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင် အတွင်း၌ ဆွေးနွေးမှုကတစ်ဆင့် နိုင်ငံရေးဖြေရှင်း၍ အကြမ်းဖက် ကိစ္စရပ်များ ထပ်မံဖြစ်ပွားမှုကို ရှောင်ကြဉ်ကာ နိုင်ငံနှင့် လူနေမှုအဖွဲ့အစည်း တည်ငြိမ်မှုကို ဆောလျင်စွာ ပြန်လည်ဖော်ဆောင် ရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်သူများ၏ ရွေးချယ်မှုကို လက်တွေ့ ကျကျလေးစားကာ သဘောထားကွဲလွဲမှု ရင်ကြားစေ့ရေးကို အထောက်အကူပြုသည့် ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ပြီး တစ်ဖက်သတ် အရေးယူဒဏ်ခတ်မှုနှင့် မသင့်လျော်သည့်ကြားဝင်မှုကို ရှောင်ကြဉ်သင့်ကြောင်း၊ ဆွေမျိုးပေါက်ဖော် ညီအစ်ကိုအနေဖြင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရန် လေးလေးနက်နက် မျှော်လင့်ပြီး အာဆီယံက အာဆီယံနည်းလမ်းဖြင့် မြန်မာနိုင်ငံ အခြေအနေ “အဆင်ပြေ ချောမွေ့စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေး (Soft Landing)” ကို ဆောလျင်စွာဖော်ဆောင်နိုင်ရန် တွန်းအားပေးမှုကို ခိုင်မြဲစွာ ထောက်ခံ အားပေး၍ မြန်မာနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေးစသည့် အကူအညီများကို အတူတကွပေးအပ်ကာ မိမိ၏ မြန်မာနိုင်ငံဘက် အသီးသီးနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ဆက်လက်အသုံးပြု၍ တက်တက်ကြွကြွ ချိတ်ဆက်ကြား ဝင်ဆောင်ရွက်မှုကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်” မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့နေ့လယ်တွင် ဖော်ပြခဲ့ သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here