အိမ်တိုင်းမှာ အောက်စီဂျင်တိုင်းတဲ့ စက်လေးတွေ ဝယ်ထားကြပါလို့ အကြံပေးလိုက်တဲ့ သရုပ်ဆောင်မောင်

0
325

သရုပ်မောင်က လတ်တလော မြန်မာနိုင်ငံမှာဖြစ်ပွါးနေတဲ့ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး သိလိုတာတွေမေးမြန်းဖို့ သူ့ရဲ့ SEIN PHYO & YI ပေ့ချ်ကနေ ဖြေကြားပေးနေတာနဲ့ဖြစ်ပြီး ကိုဗစ်ရောဂါ နဲ့ပတ်သက်လို့ ဆောင်ရန်ရှောင်များကိုလည်း အခုလိုပဲပြောပြခဲ့ပါတယ်။

“ ကိုဗစ်တတိယလှိုင်းက တော်တော်ကိုပျံ့နှံ့နေပြီ ဖြစ်တဲ့အတွက် အကုန်လုံးကို ဂရုစိုက်စေချင်ပါတယ်။ တတ်နိုင်ရင်အိမ်မှာပဲနေပြီး အစားဝအောင်စားပြီး အနားယူကြပါ။ အချိန်ကာလအရ ဆေးရုံဆေးခန်းတွေက သွားလို့မရတာတွေ ရှိတဲ့အတွက်ကြောင့် အိမ်မှာပဲ ဆောင်သင့်တာတွေဆောင်ထားကြပါ။ ကျွန်တော်အကြံပေးချင်တာက အိမ်တစ်အိမ်မှာ အောက်စီဂျင် တိုင်းတဲ့စက်တစ်လုံးလောက် ဝယ်ထားပေးပါ။အောက်စီဂျင်ကို အမြဲတိုင်းပေးပါ။ အဓိကက အောက်စီဂျင်မကျသွားဖို့ အရေးကြီးပါတယ်။ အနံ့ပျောက်တာက ရက်နည်းနည်းလောက်ကြာရင် ရသွားမှာဖြစ်ပေမယ့် အောက်စီဂျင်ကျလို့ကတော့ လုံးဝမရပါဘူး။ ရောဂါအခံရှိတဲ့သူတွေ၊ အဝလွန်တဲ့သူတွေ အထူးဂရုစိုက်ကြပါ။” လို့ ကျွန်တော်အကြံပေးချင်ပါတယ်။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here