မြန်မာနိုင်ငံတစ်ဝှမ်းဖွင့်လှစ်ထားရှိသော ကျောင်းအားလုံး ခေတ္တပိတ်မည်ဟု နစက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကြေညာ

0
181

နေပြည်တော်၊ ဇူလိုင်၈

၂၀၂၁ခုနှစ်၊ မေလတတိယပတ် မှစ၍ မြန်မာနိုင်ငံ အတွင်း မျိုးရိုးဗီဇပြောင်းလဲလာသော COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှု ရှိနေကြောင်း ဓာတ်ခွဲ စမ်းသပ် အတည်ပြုချက်များအရ သိရှိရသောကြောင့် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို အချိန်မီ ထိန်းချုပ်ကာကွယ်၊ တားဆီးနိုင်ရေး အတွက် မြန်မာနိုင်ငံ တစ်ဝှမ်း ဖွင့်လှစ်ထားရှိသော အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အပါအ၀င်)ကို ၉-၇-၂၀၂၁ ရက်နေ့မှ ၂၃-၇-၂၀၂၁ရက်နေ့ အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း နစက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ညတွင်ကြေညာသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here