လူမှုကွန်ယက်တွင် ဖော်ပြနေတဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေး ဖေ့ဘုတ်ပေခ်ျ့က အတုဖြစ်တယ်လို့ ဆို

0
286

နေပြည်တော်၊ ဇူလိုင် ၉

လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ဖော်ပြနေတဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေး ဖေ့ဘုတ်ပေခ်ျ့က တပ်မတော်က ဖွင့်လှစ်ထားတာမဟုတ်ဘဲ အတုဖြစ်တယ် လို့ နစက က ဆိုပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေး Facebook Page ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စတင်ပြီး Facebook Team ကနေ ဖြုတ်ချထားတာဖြစ်ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေး Facebook Page အသုံးပြုလို့ရစဥ်ကတည်းက တပ်မတော်သတင်းမှန်ပြန်ကြားရေး Page အတုတွေနဲ့ တပ်မတော်ကို ပုတ်ခတ်နေတဲ့သတင်းတွေတင်နေတာ ရှိတယ်လို့လည်း နစက က ဆိုပါတယ်။

လတ်တလောမှာလည်း လူတွေယုံမှားသံသယဖြစ်အောင် သတင်းမှန်ပြန်ကြားရေး Page အတုကနေပြီး သတင်းအမှားတွေထုတ်ပြန်နေတာဖြစ်ကာတပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က Facebook Page ထပ်မံဖွင့်လှစ်ဖို့မရှိ သေးဘူးလို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here