အောက်ဆီဂျင် ထုတ်ပေးမယ့် စက်ရုံဆောက်ပြီး အမြန်ဆုံး လှုဖို့ စီစဥ်နေတဲ့ နန္ဒာလှိုင်

0
185

သရုပ်ဆောင် နန္ဒာလှိုင်က အောက်ဆီဂျင် အရေးတကြီးလိုအပ်နေတဲ့ ပြည်သူတွေအတွက် အောက်ဆီဂျင်ထုတ်ပေးမယ့် စက်ရုံ ဆောက် လုပ်ဖို့ စီစဥ်နေပြီး စက်အဆင်သင့်ရောင်းဖို့ ရှိပါက တစ်ပတ်အတွင်း အမြန်ဆုံး လိုချင်ကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။

“ Medical Oxygen Plant အသေးတစ်ခု လှူပေးချင်လို့ပါ။ အောက်ဆီဂျင်ထုတ်ပေးတဲ့စက်ရုံတစ်ခု ဆောက်ပေးမလို့ပါ။ ဘယ်သူ့ဆီမှာ စက်က အဆင်သင့် ရောင်းဖို့ရှိပါသလဲ။ ပြည်ပက မှာရင် ကြာမှာစိုးလို့ပါ။ တပတ်အတွင်းလောက်လိုချင်ပါတယ်။”ဆိုပြီး သူမရဲ့ ဖေ့ဘွတ်ခ်မှာ ရေးသားထားတာဖြစ်ပါတယ်….

#Popularjournal


LEAVE A REPLY

Please enter your comment!
Please enter your name here