ဦးကိတ္တိသာရ အတွက် ရည်စူးအလှူများ နှင့် အမှတ်တရများ

0
517

ဆရာတော် ဦးကိတ္တိသာရ ပျံတော်မူခြင်း တနှစ်ပြည့်ခဲ့ရာတွင် ဆရာတော်၏ အနုပညာလောက မှတ်တမ်းများကို ပေါ်ပြူလာက ရသလောက် မှတ်တမ်းတင် ပေးထားပါတယ်။ ဩစတေးလျနိုင်ငံရှိ သမီးဖြစ်သူ ဒါရိုက်တာ ခင်ခင်ခကလည်း ဥူးဇင်းကြီး၏ သာသနာ့ဘောင်အတွင်း မှတ်တမ်းများကို U Keikti Thara အမည်ဖြင့် ဖေ့ဘွတ်ပေ့ခ်ျ ဖွင့်၍ တင်ပေးနေသလို ဝက်ဘ်ဆိုဒ် www.Athithedi.com ဖွင့်၍ လည်း မျှဝေပေးထားသည်။

လစဉ်ကုသိုလ်များအမြဲ ပြုလုပ်နေကြရာသာဓုခေါ် စရာ တင်ပြလိုက်ပါသည်။

ဥူးဇင်း ဦးကိတ္ထိသာရ(ဦးကျော်ဟိန်း) ဘဝနတ်ထံပျံလွန်တော်မူခြင်း (၁)လပြည့်တွင် ယောဆရာတော်ဘုရားကြီး နှင့် သံဃာများအားဝါဆိုသင်္ဃန်းကပ်ခြင်း

ဦးဇင်း ဦးကိတ္တိသာရ( ဦးကျော်ဟိန်း) ၆ လပြည့်တွင် ဝိသာခါ သို့ အလှူငွေ ၁၀ သိန်း တိတိကို လှူဒါန်းခြင်း
( မြန်မာနိုင်ငံ အတွင်းရှိ တိုင်းနှင့်ပြည်နယ် ဆေးရုံကြီးများတွင် ဝိသာခါဖောင်ဒေးရှင်း နှင့် RCVM တို့မှ ပူးပေါင်း၍ဉီးဆောင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော Oxygen Plant များ တွင်အသုံးပြုရန်)

ဦးဇင်းဦးကိတ္တိသာရ ပျံလွန်တော်မူခြင်း(၉)လပြည့် အတွက်ရည်စူး၍ ပြင်ဦးလွင်မြို့ အောင်ဇဗ္ဗူ ဗုဒ္ဓသာသနာ့ရိပ်သာကျောင်းတိုက်တွင် ကျင်းပသည့် နေ့ ၊ ည အသံမစဲ ပိဋကတ်(၃)ပုံ (နိကာယ် ၅ ရပ်) ရွတ်ဖတ်ပူဇော်ပွဲသို့အနယ်နယ်အရပ်ရပ်မှကြွရောက်လာကြ၍ ရွတ်ဖတ်ပူဇော်တော်မူကြသောသံဃာတော်(၂၅)ပါးအား နဝကမ္မဆက်ကပ်လှုဒါန်းခြင်း။

 

(၁၁)လပြည့်တွင် ရွှေဥမင်ဓမ္မသုခတောရရိပ်သာနှင့်ပရိယတ္တိစာသင်တိုက်တွင် တနေ့တာအလှူ ကျပ် ၇သိန်းကျော်လှူ ရင်း သား ကိုနေဝင်း နှင့် သမီး မစိမ့်စိမ့်သူတို့ က သာသနာ့ဘောင်သို့ ခေတ္တ ဝင်ရောက်ခါ ဥူးဇင်းကြီးအတွက်ရည်စူး ကုသိုလ်ပြုခြင်း

တစ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ် လူကြမ်းသရုပ်ဆောင်အနုပညာရှင်တွေဖြစ်တဲ့ ကိုလူချော အဖွဲ့သားများနဲ့ ရုပ်ရှင်စက်မှု ဆိုင်ရာ အတတ်ပညာရှင် များကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ အလှူငွေများလှူဒါန်းခြင်းများလုပ်ဆောင် ခဲ့ကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here