ပိုးတွေ့လူနာနဲ့အနီးကပ် ထိတွေ့ရ သူများကိုထားရှိဖို့ နေပြည်တော်မှာ Quarantine Center နှစ်ခု ထပ်မံတိုးချဲ့

0
205

နေပြည်တော် ဇူလိုင် ၁၄

နေပြည်တော်ပြည်ထောင်စုနယ်မြေ အတွင်း ကိုဗစ်ပိုးတွေ့လူနာနှင့် အနီးကပ် ထိတွေ့ရသူများကို သီးသန့်ထားရှိနိုင်ဖို့ အတွက် Quarantine Center နှစ်ခုကို တိုးချဲ့ဖွင့်လှစ်ထားတယ်လို့ နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

လက်ရှိနေပြည်တော်မှာ ကိုဗစ်ပိုးတွေ့လူနာဦးရေ တစ်ရက်ထကိ တစ်ရက်များပြားလာနေပြီး စောင့်ကြည့်လူနာများလည်း မြင့်မားလာကာ သေဆုံးသူ ဦးရေမှာလည်း များပြားလာလျက်ရှိနေတာဖြစ်ပြီး နေပြည်တော်မှာ ပိုးတွေ့လူနာတွေနဲ့ ဆက်စပ်လူနာများ၊ စောင့်ကြည့် လူနာများ ထားရှိမှုအတွက် နေရာများလိုအပ်လာလျက်ရှိနေတဲ့အတွက် နေပြည်တော် ပျဉ်းမနား မြို့နယ် မင်္ဂလာဗျူဟာသာသနာ့ ဗိမာန်တော်ကြီး နှင့် လယ်ဝေးမြို့နယ် အားကစားကွင်း အတွင်း ယာယီ Quarantine Centre တို့ကို တိုးချဲ့ဆောင်ရွက်ပေး တာဖြစ်ပါတယ်။

” Quarantine ထားရတာတွေရော၊ positive လူနာတွေရော ရွှေ့ဖို့အတွက်က နေရာတွေလိုလို့ နေရာတွေ ထပ်တိုးချဲ့နေတာပါ။ ဇူလိုင် ၁၂ ရက်မှာ စပြီး မင်္ဂလာဗျူဟာမှာဖွင့်ပါတယ်။ လယ်ဝေးမှာလဲစီစဉ်ဆောင်ရွက်နေပါတယ်။ အခုဖွင့်တာက ပိုးတွေ့လူနာတွေနဲ့ အနီးကပ် ထိတွေ့တဲ့ သူတွေကိုထားဖို့ပါ။ အရေအတွက် ဘယိလောက်ထားမယ်ဆိုတာတော့ သေချာမပြောနိုင်သေးပါဘူး” လို့ နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိနေပြည်တော်မှာ Quarantine Center များကို နေပြည်တော်စည်ပင်ဧည့်ရိပ်သာ (၁)နှင့် (၂) တို့တွင် ပိုးတွေ့လူနာများထားရှိပြီး နေပြည်တော် ပြည်သူ့ဆေးရုံကြီးကုတင် (၁၀၀၀)၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင် (၃၀၀)၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ ကုတင် (၅၀) ဆေးရုံတို့တွင် ပိုးတွေ့လူနာများကို ထားရှိကြောင်း၊ စောင့်ကြည့်လူနာများကိုလည်း ၎င်းနေရာများနှင့် ဟိုတယ်တို့တွင် ထားရှိစောင့်ကြည့်လျက်ရှိနေတာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here