ကိုဗစ်(၁၉)ရောဂါ အတွက်ဆေးဝါးနဲ့ liquid Oxygen တွေအတွက် သွင်းကုန်လိုင်စင်လျှောက်ရန်မလိုတော့

0
163
နေပြည်တော် ဇူလိုင် ၁၃
ကိုဗစ်(၁၉)ရောဂါ ကူးစက်မှု လျင်မြန်စွာပျံ့နှံ့နေတာကြောင့် ကုသခြင်းလုပ်ငန်းများ အတွက် လိုအပ်တဲ့ဆေးဝါး များနဲ့ Liquid Oxygen တွေကို သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုအပ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ဒီထုတ်ပြန်ချက်အရ ကိုဗစ်(၁၉)ရောဂါ ကုသမယ့် ဆေးဝါးတွေနဲ့ အရေးပေါ် လူနာတွေကို အသုံးပြုရမယ့် liquid Oxygen တွေအတွက် ပြည်ပကနေ လျင်မြန်စွာ သွင်းလာနိုင်မှာဖြစ်ပါတယ်။
သွင်းကုန် လိုင်စင်လျောက်ထားရန် မလိုတဲ့ကာလအဖြစ် ဇူလိုင်လ(၁၂)ရက်နေ့ ကနေ သုံးလကြာ သတ်မှတ်ပေးထားတယ် လို့စီးပွားရေးနှင့် ကူးသန်း‌ ရောင်းဝယ်ရေးဝန်ကြီးဌာနက‌နေ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here