ကိုဗစ်(၁၉)ရောဂါအတွက်လိုအပ်တဲ့ဆေးဝါးနဲ့ အောက်စီဂျင်စက်တွေကို သယ်ယူနိုင်ဖို့ MAI လေကြောင်းလိုင်းက အခမဲ့ကူညီမည်

0
133

နေပြည်တော် ဇူလိုင် ၁၅

ပြည်တွင်းမှာ ကူးစက်နှုန်းမြင့်မားနေတဲ့ ကိုဗစ်(၁၉) ကပ်ရောဂါအတွက်လိုအပ်တဲ့ ဆေးဝါးနဲ့ အောက်စီဂျင်စက်တွေကို ပြည်ပကနေ သယ်ယူ လှူဒါန်းနိုင်ဖို့ မြန်မာလေကြောင်းပို့ဆောင်ရေး MAI က အခမဲ့ ကူညီပေးသွားမယ်လို့သိရပါတယ်။

ကိုရီးယား၊မလေးရှား၊နဲ့တရုတ်စတဲ့ ဒေသတွင်းနိုင်ငံတွေကနေ ဆေးဝါးနဲ့စက်ပစ္စည်းတွေကိုလှူဒါန်းကြဖို့ သယ်ယူမယ်ဆိုင်ရင် MAI ရဲ့ လေယာဉ်တွေနဲ့အခမဲ့သယ်ယူ နိုင်အောင်စီစဉ်ပေးထားတာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်းက ဒေသအသီးသီးကို လျှင်မြန်စွာ ဖြန့်ဝေပေးနိုင်ဖို့ Air KBZ နဲ့ပူးပေါင်းပြီး သယ်ယူပေးသွားမယ်လို့လည်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here