ကိုဗစ်(၁၉)‌ရောဂါကိုထိန်းချုပ်နိုင်ဖို့ ကညန လုပ်ငန်းများ ယာယီ ပိတ်

0
91

နေပြည်တော် ဇူလိုင် ၁၅

ကိုဗစ်(၁၉)ကူးစက်မှု အရှိန်ကို ရပ်တန့်ထိန်းချုပ်နိုင်ရေး အတွက် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ကညန)ရဲ့ မော်တော်ယာဉ် သက်တမ်း တိုးခြင်းနဲ့ ကနဦး မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း အပါအဝင် ကညန ရုံးလုပ်ငန်းတွေထဲက သက်တမ်းတိုးခြင်းနဲ့ ယာဉ်အသစ် များအတွက် ကနဦး မှတ်ပုံတင်ခြင်း လုပ်ငန်း များကို ယာယီ ရပ်ဆိုင်းလိုက်ခြင်းပါတယ်။

ပြန်လည် ဖွင့်လှစ်မည့်ရက်ကို ကညန မှ ထုတ်ပြန်ပေးမယ်လို့သိရပြီး လတ်တလောမှာတော့ ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်နိုင်ချိန် အထိ ပိတ်ထားမယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here