ကိုဗစ် ကူးစက်ခံရတဲ့အချိန် နေ့စဉ်ပြုလုပ်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည်ဝေမျှလာတဲ့ ဟန်လေး

0
196

မော်ဒယ်ဟန်လေးက ဇူလိုင်လ၅ရက်နေ့မှာ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရပြီး ကိုဗစ်ကိုဘယ်လို တွန်းလှန်ခုခံနိုင်ခဲ့တယ်ဆိုတဲ့ အကြောင်းတွေကို သူမရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလိုရေးသားဖော်ပြထားပါတယ်။

“COVID-19 ၁၀ရက် ခရီး”

ဟန်လေး ဒီလ ၅ ရက်နေ့ကစပြီး COVID positive ဖြစ်ပါတယ်။ အခုဆို ၁၀ရက်ရှိပါပြီ။
အနံ့၊ အရသာပျောက်သွားတာတော့ ၄ရက်ရှိပါပြီ။

ဖြစ်ဖြစ်ချင်းတုန်းက အရမ်းလဲ ကြောက်တယ်။
မိသားစုရဲ့အဝေးမှာ တယောက်ထဲ နေတာဆိုတော့ အားလဲ ငယ်တယ်။ စိုးရိမ်စိတ်တွေလဲ ဖိစီးတာပေါ့နော်။
ဒါပေမယ့် ကြောက်နေရုံနဲ့ မပြီးဘူးလေ။ အသက်ဆက်ရှင်ဖို့ ကိုယ်တိုင်လုပ်မှ ရမယ်ဆိုတဲ့ စိတ်နဲ့ အားတင်းနေရပါတယ်။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ညွှန်ကြားတဲ့ ဆေးတွေ သောက်တယ်။ အားရှိအောင် အစားတွေ စားတယ်။ ညကို ပုံမှန်အိပ်တယ်။ အောက်စီဂျင် နဲ့ သွေးပေါင်ချိန် ပုံမှန်တိုင်းတယ်။
အနံ့ အရသာမရတော့တဲ့ အချိန်မှာဆို ဝမ်းနည်းလွန်းလို့ တယောက်ထဲ ငိုရင်းနဲ့ ကြိတ်မှိတ်ပြီး မရမက စားတယ်။

 

 

 

ဟန်လေးလို Covid positive ခံစားနေရသူတွေကို အကြံပေးချင်တာလေ ….

– စိတ်ဓာတ်မကျပါနဲ့။
– ဆေးတွေကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သောက်ပါ။ မလိုအပ်ပဲ တခြားဆေးတွေ သောက်မိရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရနိုင်ပါတယ်။
– အနံ့ အရသာ မပျောက်ခင် အားရှိမယ့်အစာတွေ စားပါ။ တကယ်လို့ အနံ့ အရသာမရတော့ရင်လဲ အစားဝင်မှ ငါအသက်ရှင်မှာဆိုတဲ့ စိတ်ကို မွေးပါ။
– အမြဲထိုင်စိတ်ညစ်နေမယ့်အစား သူငယ်ချင်းတွေနဲ့ စကား​ပြောပါ။ သာမန် ကိုယ်နေနေကျပုံစံအတိုင်းပဲနေပါ။

 

-တကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ။

ကိုယ်ကျန်းမာဖို့ ကိုယ့်မှာပဲတာဝန်ရှိတာဖြစ်လို့ ကိုယ့်ကိုကိုယ် ချစ်ပါ။ ဂရုစိုက်ပါ။
အပေါ်က အချက်တွေကို လိုက်နာရင်း
ဟန်လေးနဲ့အတူ ဒီရောဂါကြီးကို တွန်းလှန်ကြစို့နော်
လုပ်နိုင်မှာပါ။ ယုံကြည်ပါတယ်။” လို့ ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here