အောက်ဆီဂျင်အိုးလေးတွေလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

0
292

သရုပ်ဆောင်ခိုင်နှင်းဝေက လတ်တလောဖြစ်ပွါးနေတဲ့ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး သူမတက်နိုင်သလောက်အလှူကွေတွေကောက်ခံလှူဒါန်းပြီး အောက်ဆီဂျင်အိုးတွေကို အရေးပေါ်လူနာများကို လှူဒါန်းပေးဖြစ်ခဲ့ပါတယ်။ရှားပါးတဲ့အချိန်ဖြစ်တဲ့အတွက် လူစုံအောင်မလှူပေးနိုင်တဲ့အတွက်နားလည် ပေးကြပါရန် သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာအခုလိုပဲရေးသားထားပါတယ်။


အောက်ဆီဂျင်အိုးလေးတွေတော့ ရောက်လာပါပီရှင်..အရေးပေါ် လူနာများကို လှုပေးဖြစ်ခဲ့ပါတယ်.. ရှားပါးနေတဲ့ ချိန်ဖြစ်တဲ့ အတွက် လူစုံအောင် မလှုပေးနိုင်တာကိုလဲ နားလည်ပေးကြပါရှင်. .နောက်ထပ်လဲ လှူနိုင်အောင် ကျမတတ်နိုင်သလောက် ကြိုးစားသွားပါမယ်..အရေးပေါ် လူနာများအား ငွေကြေးတစုံတရာ ကောက်ခြင်းမရှိပဲ လှုပေးပြီး မိမိတို့ အသုံးပြုပြီးပါကလဲ တဆင့် လိုအပ်သူများအား ပြန်လည် လှုပေးကြပါလို့ မေတ္တာ ရပ်ခံပါတယ်ရှင်..လိုအပ်သူများပြားလွန်းတာကြောင့် ဖုန်းမဖြေနိုင်တာလဲ နားလည်ပေးကြပါနော်..ကျမ ကိုယ်တိုင်လဲ နေမကောင်းတာ တပတ်လောက်ရှိနေပြီး ကျမ အတွက် မချန်ထားပဲ လှူပေးနေပါတယ်..တကယ်လိုအပ်မှသာ အကူအညီတောင်းမယ် မဆောင်ထားဘူး ဆိုတဲ့ အသိနဲ့ပါ..ကျမနဲ့ အတူ ပါဝင်လှူဒါန်းပေးကြသော ခုနှစ်ရက် သားသမီး အလှူရှင်များအားလုံး ကုသိုလ်ထပ်တူ ရကြ၍ ပီတိဖြစ်နိုင်ကြပါစေရှင်..” ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here