ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ကျန်းမာရေးဖြည့်စွက်စာများ ရောင်းချလျက်ရှိတဲ့ အောင်လေး

0
137

မော်ဒယ်သရုပ်ဆောင် အောင်လေးက ကိုဗစ်ကာလမှာ သူကိုယ်တိုင် ချက်ပြုတ်ထားတဲ့ ကျန်းမာရေးဖြည့်စွက်စာများ ရောင်းချနေပါတယ်။ကျန်းမာရေး နဲ့ညီညွတ်အောင်ရောင်းချတာဖြစ်တဲ့အတွက် စိတ်ချလက်ချ မှာယူနိုင်ကြောင်းကို သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာအခုလိုပဲရေးသား ဖော်ပြထားပါတယ်။

“ မနေ့က အများကြီးအားပေးကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးအများကြီးတင်ပါတယ် အော်ဒါတွေအများကြီးရပါတယ်
ကျနော်သေချာ ချက်ပြီး သေချာ ထည့် သေချာပို့ပေးပါမယ်ခင်ဗျာ
ကျန်းမာရေ းအာဟာရဖြည့်စွက် အစားအစာတွေဖြစ်လို့ အချိုမှုန့် လုံးဝ မသုံးထားပါဘူး ခင်ဗျာ စိတ်ချလက်ချသုံးဆောင်ပါ
အချို့မိတ်ဆွေတွေက ကြက်ပေါင်းတွေ ဆိတ်စွပ်တွေ အများကြီး ဝယ်ပြီး လှူပေးပါဆိုတာမျိုးရှိပါတယ်
ကျနော်သေချာ သွားလှူပေးပါမယ်ခင်ဗျာ
ရောင်းရတဲ့ ငွေရဲ့ အမြတ်ကို အာဟာရဖြည့်စွက်စာ ကြက်ပေါင်းတွေ အာဟာရ မဝယ်နိုင်တဲ့ မိသားစုတွေ အိမ်ထောင်စုတွေ ဂေဟာတွေကို ကြက်ပေါင်းနဲ့ အစားအသောက်တွေ လိုက်လှူပါမယ်ခင်ဗျာ ” လို့ရေးသားထားပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here