မြန်မာနိုင်ငံအတွင်း ကိုဗစ်(၁၉)ကြောင့် သေဆုံးနှုန်း အရေအတွက်မှာ ဒေသတွင်းနိုင်ငံ များထက် သိသာစွာ မြင့်မားနေ

0
51

နေပြည်တော် ဇူလိုင် ၁၇

ကိုဗစ်(၁၉)တတိယလှိုင်း ကူးစက်မှုများ အနက် ပြည်တွင်း၌ ကူးစက်ခံရပြီးနောက် သေဆုံးနှုန်းအရေအတွက်မှာ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများထက် သိသာစွာမြင့်မားလျက်ရှိနေသည်။

ယခုလ (၁၄)ရက်နေ့ (၂၄)နာရီ အတွင်း မလေးရှားနိုင်ငံတွင် ကူးစက်မှုအသစ် (၁၃၁၂၅)ယောက်တွေ့ရှိခဲ့ပြီး သေဆုံးသူအရေအတွက် က (၁၁၀)ရှိခဲ့သည်။ ထိုင်းနိုင်ငံတွင် ကူးစက်မှုအသစ် (၉၁၈၆)ဦးရှိခဲ့ပြီ းသေဆုံးသူ(၉၈)ဦးရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်တွင် ကူးစက်မှုအသစ်(၁၂၂၃၆) ရှိခဲ့ပြီးသေဆုံးသူ(၂၂၆)ယောက်ရှိခဲ့သည်။

ပြည်တွင်း၌ (၁၄)ရက်နေ့(၂၄)နာရီအတွင်း ကူးစက်မှုအသစ်(၄၁၈၈)ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်မှာ (၁၆၅)ဦးအထိရှိနေခဲ့သည်။

ကိုဗစ်(၁၉)ကူးစက်ခံရပြီးနောက် အသက် (၆၀)ကျော်ရွယ် အများစုနှင့် ရောဂါအခံရှိသူများက ပြည်တွင်း၌ သေဆုံးမှုအမျာဆုံးဖြစ်နေခြင်း ဖြစ်သည်။

ရက်ပိုင်းအတွင်းသေဆုံးမှု အများဆုံးမှာအောက်စီဂျင် လိုအပ်ချက်ကြောင့် ဖြစ်နေသည့်အတွက် ပြည်ပမှ လိုအပ်သည့်အောက်စီဂျင် များကို ဆက်တိုက် တင်သွင်းလျက်ရှိနေပြီ းပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်လည်း ပြည်သူများက ပူးပေါင်းဆောင်ရွက်နေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here