ထားဝယ်-မြိတ်ကားလမ်းမကြီးအနီး ရေကြီးရေလျှံ၍ လမ်းများပိတ်ဆို့

0
210
ထားဝယ်၊ ဇူလိုင် ၂၆
ယနေ့ ဇူလိုင်လ ၂၆ရက်နေ့တွင် ထားဝယ်-မြိတ် ကားလမ်းမကြီး ကျောက်မော် အနီးရှိ လမ်းနေရာအချို့တွင် မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် လမ်းများပိတ်ဆို့ကာ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နေကြောင်းသိရသည်။
“ညကတည်းကလမ်းပေါ်ရေကျော်နေပါပီမနက်ကျတော့ရေဒူးခေါင်းကျော်လာတယ် ပင်လယ်ကမ်းခြေမှာနေရသလိုပဲလှိုင်းသံလေသံနဲ့” ဟု ဒေသခံတစ်ဦးက ပြောထားပါသည်။
မိုးရက်ဆက်ရွာသွန်းမှုကြောင့် နေရာအတော်များများတွင် ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိပြီး လမ်းများပိတ်ဆိုမှုကြောင့် အခက်အခဲ များ ရှိကြောင်း သိရသည်။
PHOTO _ CJ


LEAVE A REPLY

Please enter your comment!
Please enter your name here