အင်းတကော်မြို့နယ်မှာ ဆရာလေးခေမာရံသီဦးဆောင်ပြီး Oxygen filling plant ကို ၄၅ ရက်အတွင်းတည်ဆောက်မည်ဟုဆို

0
327
ရန်ကုန် ဇူလိုင် ၂၇ ရက်
ကပ်ရောဂါဘေး နဲ့ကြုံတွေ့နေရချိန်မှာ အောက်ဆီဂျင်အချိန်မှီ မရရှိပဲ အသက်ဆုံးရှုံးနေရတဲ့ သူတွေကို တဘက်တလမ်း မှကူညီနိုင်ဖို့ အတွက် ပဲခူးတိုင်း အင်းတကော်မြို့မှာရှိတဲ့ သုညတဓမ္မရံသီတရားရိပ်သာ ဦးစီးတည်ထောင်သူ ဆရာလေးခေမာရံသီ ဦးဆောင်ပြီး Oxygen filling plant စက်ကို အင်းတကော်မြို့မှာ ၄၅ရက်အတွင်း တည်ဆောက်မယ်လို့ ဆရာလေးခေမာရံသီရဲ့ လူမှုကွန်ယက် မှာ ရေးသားဖော် ပြထားပါတယ်။
လတ်တလောမှာ ရက်ပိုင်းအတွင်း အရေးပေါ်လူနာတွေကို ဖြန့်ဝေနိုင်ဖို့အတွက် ယခင်ရောက်ရှိထားတဲ့ အောက်ဆီဂျင် ၄၀L အိုး ၁၀၀ အပြင် ရက်ပိုင်းအတွင်းမှာ ထပ်မံရောက်ရှိမည့် ၄၀L အိုး ၂၀ နဲ့ ၁၅L အိုး ၁၀၀ ကိုထပ်မံမှာယူထားတယ်လို့ သိရပါတယ်။
ကိုဗစ်လူနာတွေ အတွက် လိုအပ်တဲ့ဆေးဝါးနဲ့ အာဟာရများပို့ဆောင်လှူဒါန်းနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။
၄၅ရက်အတွင်း တည်ဆောက်မယ် Oxygen filling plant စက်ကတော့ ၈လပိုင်းအကုန်မှာ ရောက်ရှိမှာဖြစ်ပြီး ဆရာလေးမှ မတည် အလှူငွေ သိန်း ၁၀၀ နဲ့ Sea Ranger Donation Group မှ သိန်း၁၀၀ ထည့်ဝင်လှူဒါန်းပြီး စေတနာရှင်မိဘပြည်သူတွေရဲ့အလှူငွေတွေနဲ့ တည်ဆောက်သွားမယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here