ရွှေလီမြို့ တွင် လော့ဒေါင်း မိနေသောမြန်မာနိုင်ငံသားများယနေ့ပြန်လာ

0
91
မူဆယ်၊ဇူလိူင် ၂၆
ရွှေလီမြို့ Lock down ပိတ်ထားသည့် ၂၀ရက် ကြာပြီးနောက် ယမန်မနေ့က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
သို့ပါ၍ဆေးဝါး ကုန်စည်များမကြာခင် ရောက်လာတော့မည်ဖြစ်သလို တရုတ်ဖက်တွင်ရောက်ရှိနေသော ရွှေလီတွင်လော့ဒေါင်းမိနေသည့် မြန်မာများလည်းယ‌နေ့ ပြန်လာရပြီဖြစ်သည်။
ရွှေလီ လော့ဒေါင်းဖြည်သော်လည်း ကိုဗစ်နှင့်ပတ်သက်သော ဆေးနှင့်ဆေးပစ္စည်းသာလျှင် အထူးအစီစဉ်ဖြင့်ထွက်ခွင့်ရရန် မူဆယ်ဒေသ အာဏာပိုင်နှင့် ရွှေလီဒေသအာဏာပိုင်တို့ ဆွေးနွေးထားသည်။
မူဆယ်မြို့နယ် ကိုဗစ်ကော်မတီက ယနေ့ တရုတ်ပြည်မှ ပြန်လာသောမြန်မာနိုင်ငံသားများကိုကြိုဆိုပြီး နေ့လယ်စာ အတွက်ပါ ထမင်းဗူး များဝေငှပေးခဲ့သည်။ မူဆယ်သို့ပြန်လည်ရောက်ရှိလာသည့် မြန်မာ နိုင်ငံသားများအားသက်ဆိုင်ရာ မိမိမြို့သို့ပြန်နိုင်ဖို့ရေးအတွက် ထောက်ခံချက် များ ထုတ်ပေးခြင်း၊မြို့နယ် ပို့/ဆက် မှ ကားလိုင်းများဖြင့် သက်ဆိုင်ရာမြို့နယ် များသို့ပြန်နိုင် ရန်ဆောင် ရွက်ပေးခြင်း မျာစီစဥ်‌ပေး လျက်ရှိသည်
မူဆယ်တွင်ကွာရန်တင်း Q ဝင်ရန်မလိုသော်လည်း သက်ဆိုင်ရာမိမိမြို့နယ်ရောက်ရှိပါက၎င်းမြို့ ကိုဗစ်ကော်မတီမှ စီစဉ်သည့် အတိုင်း လိုက်နာရမည်ဖြစ်သည်။
စာအုပ်အနီ ကိုင်ထားသူများ၊ တစ်ခါသုံးကတ်(အစိမ်း) ကိုင်ထားသူများ ထွက်လာ၍ရပြီး၊ အကြောင်းကြောင်းကြောင့် စာအုပ်အနီ နဲ့တစ်ခါသုံးကဒ် မရှိပါက တရုတ်ဘက်က ဆေးစစ်ထားသည့် အထောက်အထားဖြင့် တရုတ်ဘက် ကပြန်ထွက် ခွင့်ပြုလိုက် သူတစ်ယောက်လည်းယနေ့ပြန်ထွက်လာသည်။
ပြန်လည်ဝင်‌ရောက်ရေးအတွက် မြန်မာအချိန် မနက် ၈နာရီမှ နေ့လယ် ၁၂ နာရီထိသတ်မှတ်ထားသော် လည်း တရုတ် ဘက်ခြမ်း မှာတန်းစီးထားသော မြန်မာနိုင်ငံသားများ အားလုံးထွက်ခွင့်ပြုပေးနိုင်ရေး အတွက် ဒေသခံတာဝန်ရှိသူများ ကြိုးစားပေး သောကြောင့် ယနေ့ နေ့လယ် တနာရီခွဲ ထိထွက်ခွင့်ပြုခဲ့ပြီး တန်စီထားသူလက်ကျန်မြန်မာများ အားလုံး ထွက်ခွင့်ရဖို့လည်း ကြိုစားဆောင် ရွက်နေကြသည်။
လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ယက်ကလည်း ယနေ့ကူညီဆောင်ရွက်ပေးခဲ့သည်။
KH


LEAVE A REPLY

Please enter your comment!
Please enter your name here