ကိုဗစ်၁၉ အတွက် အရေးပေါ်ကူညီငွေ ယူရို ၂ သန်း EU ထောက်ပံ့မည်

0
231
ဥရောပသမ္မဂ EU အနေနဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ ရောဂါကူးစက်များပြားနေတဲ့အပေါ် တုန့်ပြန်ကိုင်တွယ်ဖို့အတွက် အရေးပေါ်အကူအညီ အနေနဲ့ ယူရို ၂သန်းထောက်ပံ့မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုချိနဲ့နေတဲ့အတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ အခုလိုခက်ခဲတဲ့အချိန်မှာ မြန်မာပြည်သူတွေနဲ့အတူ EU အဖွဲ့ရပ်တည်ပါတယ်။ဒါကြောင့်ပြည်သူတွေကို ကိုဗစ်ရောဂါကုသနိုင်ရေးမှာ အခု EU ရဲ့ထောက်ပံ့ငွေတွေ ကို သုံးစွဲမှာဖြစ်တယ်လို့ EU အဖွဲရဲ့ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဌာန အကြီးအကဲကပြောပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေတိုက်ခိုက်ခံရမှုတွေကို EU ကရှုံ့ချလိုက်ပြီး သူတို့ကို နိုင်ငံတကာဥပဒေနဲ့အညီ အကာအကွယ်တွေပြု ပေးဖို့ကိုလည်း တောင်းဆိုတယ်လို့ EU အကြီးအကဲကဆိုပါတယ်။
ဒါ့အပြင်မြန်မာပြည်မှာ စစ်အာဏာ ထိမ်းသိမ်းခံခဲ့ရပြီးတဲ့နောက်ပိုင်း ပြည်သူတွေဟာအကြမ်းဖက်မှုတွေကို ခံစားနေရတဲ့အခြေအနေတွေ ကိုလည်း EU အနေနဲ့ အင်မတန်စိုးရိမ်နေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါ့အပြင် EU ကအခုပေးတဲ့ ထောက်ပံ့ငွေတွေကို ယုံကြည်စိတ်ချရပြီး လွတ်လပ်တဲ့အဖွဲအစည်းတွေထံ ခွဲဝေပေးထားတယ်လို့ ဆိုပါတယ်။
ကိုဗစ်ရောဂါ ကိုင်တွယ်ရေး အရေးပေါ်ကူညီငွေ ယူရို ၂သန်းအပြင် မြန်မာနိုင်ငံထဲကစစ်ဘေးရှောင်ပြည်သူတွေအတွက် ယူရို ၂၀.၅ သန်းပေးဖို ခွဲဝေသတ်မှတ်ပြီးဖြစ်တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here