(၂၀၂၀)နိုဝင်ဘာ(၈)ရက် တွင်ကျင်းပခဲ့သောရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း နစက ကြေညာ

0
278
နေပြည်တော် ဇူလိုင် (၂၇)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ က မဲဆန္ဒနယ်မြေ (၈၀)ရာခိုင်နှုန်းကျော်အထိ အနိုင်ရခဲ့တယ်လို့ ကြေညာခဲ့တဲ့ (၂၀၂၀)ခုနှစ် နိုဝင်ဘာလ (၈)ရက် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း နစက အစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
နစက ရဲ့ ရွေးကောက်ပွဲကော်မရှင်က (၂၀၂၀)ပြည့်နှစ်နိုဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး‌ကောက်ပွဲ ရလဒ်များ ပယ်ဖျက်ကြောင်း ကြေညာခြင်းဆိုပြီး အခုလ(၂၆)ရက် နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။
ဒီကြေညာချက်ထဲမှာ မြို့နယ်အလိုက် မဲစာရင်းတွေ ပြန်လည်စစ်ဆေးခဲ့ရာမှာ မဲမသမာမှုဖြစ်နိုင်တဲ့ မဲအရေအတွက် (၁၁)သန်းကျော် အထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အာဏာရထားတဲ့ NLD ပါတီအနေနဲ့ တခြားပါတီကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးအပါအဝင် ရွေးကောက်ပွဲ ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေကို အုပ်ချုပ်ရေးအာဏာကို၎င်း၊ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာကန့်သတ် တားမြစ်ချက် များကို၎င်းအလွဲသုံးခြင်းဖြင့် ကန့်သတ်ထိန်းချုပ်၍ နိုင်ငံတော် အာဏာကိုမတရား ရယူရန်ကြိုးပမ်းခဲ့တယ်လို့ လည်း နစက က ဖော်ပြခဲ့ပါတယ်။
ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်တာကြောင့် လတ်တလောမှာ နစက က ဘဲ နိုင်ငံတော်အာဏာကို ဆက်လက် ထိမ်းသိမ်းထားမှာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ရွေးကောက်ပွဲအသစ်ကို ပြန်လည်ကျင်းပပေးရမှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here