Medical Grade အောက်ဆီဂျင်စက် အလုံး ၅၀ အား Nan Lu Garment and Distribution မှငှါးရမ်းမည်

0
200
ရန်ကုန်၊ ဇူလိုင် ၂၉
ကိုဗစ်-၁၉ရောဂါကြောင့် အောက်ဆီဂျင်လိုအပ်သော လူနာများအတွက် လည်းကောင်း ၊ရောဂါပိုးများ ပျံ့နှံခြင်းမှ သက်သာစေရန် လည်းကောင်း (၈)လပိုင်းအတွင်းတွင် Olive တံဆိပ်ရှိသော Medical Concentrator အလုံး(၅၀)အား မန္တလေးစက်ရုံမှ မှာထား ပြီးဖြစ်ကြောင်း Nan Lu Garment and Distribution မှသိရသည်။
လူနာများကိုပြုစုနေသော လူနာစောင့်များ အပြင်ထွက်လျှင် ပိုးများ ပြန့်ပွားခြင်းမှ သက်သာစေရန် Medical concentrator ငှါး သူများကိုလည်း လာမယူစေပဲ အိမ်တိုင်ရာရောက်ပို့ပေးမည်ဖြစ်ကြောင်းနှင့် Olive Medical Concentrator လှူလိုသူများရှိပါကလည်း တစ်အိုးတတ်နိုင်လျှင်တစ်အိုး Concentrator တွင်လှူနိုင်၍ အလှူရှင်နာမည်ပါထိုးပေးမည်ဖြစ်ကြောင်းသိရသည်။
“အလုံး ၂၀၀-၃၀၀ ထိ ဌားရမ်းထားချင်ပါတယ်။ ငွေတော့ လုံးဝ မလှူပါနဲ့ဗျ။ စက်ဝယ်ထားပြီး လူနာပြန်ကောင်းသွားလို့ ခဏလာထားပြီး လိုတဲ့သူတွေကိုပြန်ငှားမှာပါ။ ကူညီချင်သူများလဲ လာထားပေးနိုင်ပါတယ် အလှုရှင်နာမည်နဲ့တကွ စက်မမှားစေရန် ကဗျည်းထိုး မှတ်ထား ပေးပြီး မိမိအိမ်မှာလိုအပ်ပါက အချိန်မရွေးပြန်လာယူနိုင်ရန်၊ အဌားလာချပေးထားသူများအတွက် လိုအပ်ပါကလည်း လာယူနိုင်ရန် ၅ လုံးကို ရုံးမှာချန်ထားပေးပါမယ်” ဟုလည်း ပြောကြားထားသည်။
Medical Concentrator လိုအပ်ပါက ဖုန်း 09-882 888 301 နှင့် 09-882 888 302 တိုကို ဆက်သွယ်၍ ငှါးရမ်းနိုင်ကြောင်းသိရသည်။
Nan Lu သည် ယခင်ပိုးတွေ့လူနာသေဆုံးမှု များပြားစဉ်အခါကလည်း သက်မဲ့ခန္ဓာများအား စောင်၊ ပလတ်စတစ်များဖြင့်ပတ်၍ ထား ရှိကြသောကြောင့် ပိုးများပျံ့နှံမည်စိုးရိမ်သဖြင့် သက်မဲ့ခန္ဓာထည့်ရန် အိတ်များအခမဲ့ချုပ်ပေးခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here