အခွန်သက်သာခွင့် ၁၃.၅% ကို ၉လတာရရှိမည့် ဆေးဝါးများ

0
175
နေပြည်တော်၊ ဩဂုတ် ၂
ကိုဗစ်ထိမ်းချုပ်ရေး အထောက်ကူပြုစေရန် ကျန်းမာရေး အထောက်အကူပြု ဖြည့်စွက်ဆေးဝါးများ ဖြစ်သည့် ဗီတာမင် vitamin supplements များအား လက်ရှိ အကောက်ခွန်နှုန်းထား ၁၅%မှ ၁.၅%သို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့မှ ၂၀၂၂ခုနှစ် မတ်လ(၃၁)ရက်နေ့အထိ ၉လတာ သက်သာခွင့် ကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြင်ဆင်သတ်မှတ် လိုက်သည့်အမိန့်စာကို ဩဂုတ် ၂ ရက်နေ့က ထုတ်ပြန်လိုက်ပါသည်။
ဆေးပစ္စည်းသွင်းကုန်များအတွက် ဂျူတီဆောင်ရာတွင် ဟိုးယခင်က ၁.၅% သာ ရှိခဲ့သော်လည်း မြန်မာ့အကောက်ခွန်နူန်းစာရင်း ၂၀၁၇ အရ H.S code 2106.90.72.00၏အကောက်ခွန်နူန်းထားမှာ ၁၅% ထိ ဖြစ်ခဲ့ပြီး ကုန်သွယ်ခွန် ၅% ကိုပါပေးဆောင်ခဲ့ကြရသည်။
ပြည်သူ့ကျန်းမာရေးတွင် အခြေခံဆေးအုပ်စုဖြစ်သည့် ဗီတာမင်များ၊ အဖျားကျဆေး၊ချွဲပျော်ဆေး တို့ကဲ့သိုသော ဆေးများကို များများ စားစား တင်သွင်းပါက အခြေခံကျန်းမာရေးလိုအပ်ချက်အများစုကို ဖြေရှင်းသွားနိုင်မည်။ အခြေခံနိုင်အောင် ကုသွားပါက ဆရာဝန် ညွှန်ကြားမှ သုံးရမည့်ဆေး များဖြစ်သည့် Dexa,Inoxa, Remdesivir တို့ကို လိုအပ်နိုင်ခြေ နည်းလာနိုင်သည်ဟု ‌မယ်ဒီမြန်မာ‌ဆေး ကုမ္မဏီက ဒေါက်တာဝင်းစည်သူက ပြောသည်။
စီးပွါးကူးသန်းပြည်‌‌ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ကလည်း ဆေးဝါးမပြတ်ရေး၊ ဈေးနူန်းတည်ငြိမ်ရေး၊ ဈေးမကစားရေး၊ ပူးပေါင်း ဆောင်ရွက်ရေးအတွေ့ကြုံကောင်းများဖြင့် ပွင့်ပွင့်လင်းလင်း အတူ လုပ်ဆောင်သွားရေးတို့ကို ဇူလိူင် ၂၄ ရက်နေ့အစည်းဝေးတွင် ပြောခဲ့သေးသည်။ ထိုအစည်းဝေးသို့ ကုန်စည်စီးဆင်းမူ့မှန်ကန်မြန်ဆန်ရေးကော်မတီ၊ ကုန်သည်စက်မူ့ အသင်းချုပ်၊ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း နှင့် ဆေးကုမ္မဏီများတက်ရောက်ခဲ့ကာ လိုအပ်သည့် ဖြေလျော့မူ့တိုကို တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ယခုကဲ့သိုဖြေလျော့ပေးမူ့သည် ကျန်းမာရေး အထောက်အကူပြုဖြည့်စွက်ဆေးဝါး vitamin supplements (ငှက်သိုက် ၊ကြက်ပေါင်း များအပါအဝင်) တင်သွင်းနေသောသူ များအတွက်လည်း သတင်းကောင်းဖြစ်သလို စားသုံးသူ ပြည်သူများအတွက်လည်း ဈေးကြီးမိခြင်းမှ သက်သာလာနိုင်ဖွယ်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here