ဆေးအတုများမသွင်းမိဖို့အရေး ဆေးကုမ္မဏီများသတိထားပေး

0
170

ကမ္ဘာ့ဆေးကုန်ကြမ်းလောကတွင် ယခုလို အချိန်မျိုး ၌ သူ့ထက် ငါ အလုအယက် ဝယ်နေကြချိန် ဖြစ်သည်။ ပြည်တွင်း ပြည်ပတွင် ဆေးပြတ်လပ်ပြီး လိုအပ်ချက် နဲ့ ပံ့ပိုးနိုင်မှု မမျှဘဲ ဟန်ချက်မညီသည့် စျေးကွက် မျိုးဖြစ်လေ့ရှိသည်။ မြန်မာနိုင်ငံက ပြည်တွင်း လိုအပ်ချက်၏ ၉၀ % ခန့် ကိုပြည်ပကမှာယူရသဖြင့်ပိုသိသာသည်။

ဤကဲ့သို့မျှခြေ မဖြစ်တော့သည့် အခါ အိမ်နီးခြင်းနိုင်ငံများ ဆီကပါသွင်းရလေ့ရှိသည်။ ထိုအခါမျိုးတွင် အတုအပများပါ ရောဝင်ပါနိုင် သည်ဖြစ်၍ ဆေးကုမ္ပဏီများ၏တာဝန်ယူမှုတာဝန်ခံမှုတို့သည် ယခုချိန်တွင်အရေးပါသဖြင့် သတိရှိကြရန် ကုန်သည်စက်မူ့အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက တိုက်တွန်းပြောကြားလိုက်သည်။

 ဆရာဝန်ညွှန်ကြားမှ သုံးရမည့်ဆေးဝါးများကို လူမှုကွန်ယက်ပေါ်တွင် တိုက်ရိုက်( သို့ )သွယ်ဝိုက်ကြေငြာနေသဖြင့် စိတ်ပူပြီး ဝယ်ကြ ခြင်းကြောင့်လည်း ဆေးစျေးများ ယခင်အပတ်က အလွန်အမင်းတက်သွားခဲ့သည်။

ဆိုရှယ်မီဒီယာပေါ်တွင် မကြေငြာသင့်သောဆေးများ နှင့် ပတ်သက်၍ လူအများကို ကျန်းမာရေးအသိများ ယခုထက်ပိုမို ဖြန့်ဝေ လုပ်ဆောင်ဖို့ လိုသည်ဟု ဆေးတင်သွင်းဖြန့်ချီ‌ရေးလုပ်ငန်းရှင်တဦး ကဆိုသည်။

သုံးစွဲသူများ၏ စိတ်အစွဲက အမှတ်တံဆိပ် ပေါ် အခြေခံ ပြီးဝယ်ယူခြင်းကြောင့် အချို့ဆေးများ စျေးတက်နေခြင်းဖြစ်ပြီး၊ မျိုးတူဆေးဝါး များကို ယုံကြည်စွာသုံးချင်ပါက စျေးနှုန်းကြီးမြင့်ခြင်းပြဿနာ အတန်ငယ်လျော့နိုင်မည်ဟု ယူဆကြောင်း၄င်းကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here